အနည်းဆုံး မန်စီးတီးရဲ့ ၁၀ပွဲလောက်ကို လွဲချော်ပါမယ်။

ပွဲများစွာ ကစားထားရတဲ့ ဒဏ်တွေက စုပြုံခံစားရတာလို့ နည်းပြ ဂွါဒီယိုလာက သုံးသပ်ထားပြီး ဒီဘရိုင်း အနေနဲ့ လီဗာပူး၊စပါး၊အာဆင်နယ် စတဲ့ အသင်းကြီးတွေနဲ့ တွေ့မယ့်ပွဲတွေကို လွဲချော်ဖို့ ရှိနေပါတယ်။

အက်စတန်ဗီလာကို ၂-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့လို့ အသင်းရဲ့ အသက် ၂၉နှစ်အရွယ်ကစားသမား ဒီဘရိုင်း အနေနဲ့ အနည်းဆုံး ၄ပတ်မှ ၆ပတ်အထိ အနားယူရမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြု ပြော လာပါတယ်။



ဒါကြောင့် ဒီဘရိုင်းအနေနဲ့ လာမယ့် ချဲလ်တန်ဟန်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်ကို စတင်လွဲချော်ပါတော့မယ်။

အနားယူရမယ့် စုစုပေါင်း ၆ပတ်တာ ကာလအတွင်းမှာ ဒီဘရိုင်းအနေနဲ့ မန်စီးတီးရဲ့ ပွဲစဥ် ၁၀ပွဲလောက်အထိကို လွဲချော်မှာ ဖြစ်ပြီး ဒီပွဲစဥ်တွေထဲမှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဥ်တစ်ပွဲလည်း အပါအဝင်ဖြစ်ပါ တယ်။

“ကီဗင်ရဲ့ ဒဏ်ရာကို စစ်ဆေးပြီးတဲ့အချိန်မှာ ဆရာဝန်ရဲ့ ပြောပြချက်အရ အနည်းဆုံး ၄ပတ်ကနေ ၆ပတ်အထိ အနားယူဖို့ လိုတယ်လို့ သိရပါတယ်။ကြီးမားတဲ့ ရိုက်ခတ်မှုပါ၊ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်နိုင်မှာပါ။”လို့ ဂွါဒီ ယိုလာက ဆိုပါတယ်။

ဒီဘရိုင်းလွဲချော်နိုင်မယ့် ပွဲတွေကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်ဖြစ်တဲ့ ချဲလ်တန်ဟန်နဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲစဥ်တွေဖြစ်တဲ့ ဝက်စ်ဘရွန်း၊ရှက်ဖီးလ်၊ဘန်လေ၊လီဗာပူး၊စပါး၊အာဆင်နယ်၊ဝက်စ်ဟမ်းစတဲ့ ပွဲ တွေလွဲချော်ရပါမယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ၂၄မှာ ကစားရမယ့် ဂျာမန်ကလပ် မိုချမ်ဂလာဘတ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဥ်ကိုလည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အခုလိုမျိုး ဒီဘရိုင်း ဒဏ်ရာရတာကတော့ ပွဲများစွာကစားခဲ့ရတဲ့ ဒဏ်တွေကြောင့် စုပြုံပြီး ခံစားရတာလို့လည်း နည်းပြ ဂွါဒီယိုလာက သုံးသပ်ထားပါသေးတယ်။

“ကစားသမားတစ်ယောက်ကို ၁၁လလုံးလုံး ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားနေတာ မြင်ချင်တာက ဆန္ဒပါ။ တကယ်တော့ ၃ရက်တစ်ပွဲနှုန်း ကစားနေရတဲ့ အနေအထားမှာ ဘယ်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိနိုင်ပါတော့မလဲ။ ဘယ်သူမှ ဒဏ်ရာမရချင်ပေမယ့်လည်း ရခဲ့ရင်တော့ ဖုံးကွယ်ထားလို့လည်း မရပါဘူး။”လို့ ဂွါဒီယိုလာက ဆိုပါ သေးတယ်။

မန်စီးတီးအသင်းကတော့ ပြိုင်ပွဲစုံ ၁၆ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ပြီး နောက်ဆုံး ၉ပွဲဆက်ကိုလည်း အနိုင် ကစားထားပြနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂မှာ ရပ်တည်နေပြီး ထိပ်ဆုံးက ယူနိုက်တက် ထက် တစ်ပွဲလျော့ ၂မှတ်နည်းနေ တာကြောင့် လက်ကျန်တစ်ပွဲကို နိုင်လိုက်ပါက အဆင့် ၁နေရာကို ရယူနိုင်မှာပါ။

Share

က္က