လက်ရှိမှာတော့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ လုပ်နေနိုင်ပါပြီ။

ဗန်ဒိုက်ဟာ အောက်တိုဘာမှာ ဒူးဒဏ်ရာပြင်းထန်စွာ ရခဲ့ပေမယ့်လည်း ၃လအတွင်းမှာပဲ ကြံ့ခိုင်မှု လေ့ကျင့်ခန်း တွေပြန်လုပ်နေနိုင်သည်အထိ ကြံ့ခိုင်မှုကောင်းပြီး လာမယ့် ဧပြီလမှာအ‌စောဆုံး အသင်းနဲ့ ပူးပေါင်းနိုင်မယ်လို့ သိ ရပါတယ်။

လီဗာပူးအသင်းဟာ ဒူးဒဏ်ရာကြောင့် နားနေရတဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက် ပြီး နောက်ဆုံးသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးခဲ့ရာမှာတော့ ဗန်ဒိုက်ဟာ အစောဆုံးအနေနဲ့ ဧပြီလလောက် မှသာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မယ်လို့သိရပါတယ်။



ပြီးခဲ့တဲ့ ‌အောက်တိုဘာလလောက်ကတည်းက ဒူးဒဏ်ရာကြောင့် နားနေရတဲ့ ဗန်ဒိုက်ဟာ ယခုအခါ ကြံ့ခိုင်မှုလေ့ ကျင့်ခန်းတွေကိုတော့ လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ပြိုင်ဖက် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး အဆို ပါဒူးဒဏ်ရာကို ရရှိခဲ့တာပါ။

ဒူးဒဏ်ရာကို အချိန်တို ၃လအတွင်းမှာ လေ့ကျင့်ခန်း ပြန်လုပ်နိုင်တဲ့အထိ ပြန်ကောင်းလာတာကတော့ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုကောင်းကြောင့် ဖြစ်ပါတယ်။

အခြား ကစားသမားတစ်ဦး ဖြစ်တဲ့ ဂျိုးစ်ဂိုမက်ဇ်ကလည်း အင်္ဂလန်အသင်းနဲ့ နိုင်ငံတကာ တာဝန်ထမ်းဆောင်စဥ် ဒူးဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ လုပ်နေသည့်တိုင် သူကတော့ ပြန်လာဖို့ ဝေးသေး တယ်လို့ လီဗာပူးနည်းပြကလော့ပ်က ထုတ်ဖော်ပြောထားပါသေးတယ်။

ယခုအခါမှာတော့ လီဗာပူးအသင်းမှာ အဓိက ဗဟိုနောက်ခံလူ ၃ဦးစလုံးဖြစ်ကြတဲ့ ဗန်ဒိုက်၊ဂျိုးဂိုမက်ဇ်နဲ့ဂျိုးလ်မာ တစ်တို့ ၃ဦးစလုံးဟာ ဒဏ်ရာကြောင့် ကွင်းပြင်ထွက်နေရပြီး နည်းပြ ကလော့ပ်အတွက်တော့ ဗဟိုခံစစ်မှူး ပြဿ နာနဲ့ စတင်ရင်ဆိုင်နေရပါပြီ။

ဒါကြောင့် လာမယ့် ပွဲအချို့မှာ ဗဟိုခံစစ်မှူး တစ်နေရာစာအတွက် ကွင်းလယ်လူ သီယာဂိုလ်ကို ထားကစားဖို့ ရှိ တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Share

က္က