နိုင်ငံပွဲတွေလာရင် ကလပ်အသင်းက ကစားသမားတွေ စေလွှတ်ပေးရတော့မှာပါ။

မတ်လမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ဇုန်အလိုက်ကစားဖို့ရှိနေပြီး ပုံမှန်ဆိုရင် နိုင်ငံပွဲတွေ ကစားနေရင် ကလပ် ပွဲတွေ နားထားတာ မှန်ပေမယ့် ကိုဗစ်ကာလဖြစ်လို့ အသွားနဲ့ အပြန်တွေမှာ ကွာရန်တင်းဝင်ချိန်တွေကြောင့် ကလပ်ပွဲတွေ ပြန်စချိန်မှာ အနည်းဆုံး ၂ပွဲလောက်တော့ လွဲချော်ကြဖို့ရှိနေတာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားဖို့ ရှိနေသေးတဲ့ နာမည်ကျော် ဘရာဇီးလက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် နာမည်ကျော် ကစာသမားတွေကို အသင်းသို့ ခေါ်ယူသွားဖို့ ရှိနေပါတယ်။



ဒီအချိန်မှာတော့ ဘရာဇီး နာမည်ကျော်များစွာကို ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ ပရီးမီးယားလိဂ် ကလပ် လီဗာပူးနဲ့ မန်စီးတီးအတွက်တော့ အကျပ်အတည်းနဲ့ စတင်ရင်ဆိုင်လာရဖို့ရှိနေပါပြီ။

လာမယ့် မတ်လဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေ ပြန်လာပါပြီ။နိုင်ငံပွဲတွေကစားချိန်မှာ ကလပ်အသင်းပွဲတွေ နားထား ရတယ်ဆိုပေမယ့်လည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် ကစားသမားတွေဟာ ပြန်လာချိန်မှာတောင် အနည်းဆုံး ၁၀ ရက် ကွာရန်တင်းဝင်ကြဖို့ ဖီဖာ သတ်မှတ်ချက်ရှိနေတာပါ။

ဖီဖာ အသိအမှတ်ပြု ပွဲတွေမှာ ကလပ်အသင်းတွေဟာ နိုင်ငံအသင်းကခေါ်ရင် ကစားသမားတွေကို မဖြစ်မနေ လွှတ်ပေးရတာ ရှိပေမယ့်လည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် ကစားသမားတွေဟာ နိုင်ငံဖြတ်ကျော် ခရီးသွားရပါက ကွာရန်တင်း အနည်းဆုံး ၅ရက်တော့ ဝင်ဖို့လိုပါတယ်။

ဘရာဇီး လက်ရွေးစင်အသင်းကတော့ ကလပ်အသင်းတွေအနေနဲ့ ကစားသမားတွေကို စေလွှတ်ပေးဖို့ မျှော်လင့် နေပြီး အဓိက ကစားသမားတွေဖြစ်ကြတဲ့ လီဗာပူးမှ ဖာမီနို၊ဖာဘင်ဟို၊အယ်လီဆန်နဲ့ မန်စီးတီးက အီဒါဆင်၊ဖာနန် ဒင်ဟို၊ဂါဘရီရယ်ဂျီးဆပ် စတဲ့ ကစားသမားတွေ ရှိနေပါတယ်။

ကိုဗစ်ကာလမှာ ကစားသမားတွေအနေနဲ့ တောင်အမေရိကကို ပြန်သွားခဲ့ရပါက အနည်းဆုံး ဧပြီလ ၁ရက်နေ့ မတိုင်ခင်အထိ ပြန်လာနိုင်မှာမဟုတ်ပါဘူး။ဒါဟာ အနည်းဆုံး ပရီးမီးယားလိဂ် ၂ပွဲလောက်ကို သေချာပေါက် လွဲချော်ရမယ့် အနေအထားပါ။

အလားတူ ဧပြီ ၆-၇မှာကစားရမယ့် ချန်ပီယံလိဂ်ပွဲကိုလည်းလွဲချော်ဖို့ ရှိနေပြီး ဧပြီ ၁၃-၁၄မှာကစားရမယ့် လိဂ် ပွဲစဥ်ကိုလည်း ပါဝင်နိုင်ဖို့ မသေချာဖြစ်နေပါတယ်။

ပေါ်တူဂီအသင်းကလည်း မတ်လ ၂၄ရက်နေ့မှာ အဇာဘိုင်ဂျန်အသင်းနဲ့ ကစားဖို့ ရှိနေလို့ သူတို့ရဲ့ အဓိက ကစား သမား ဘရူနိုဖာနန်ဒက်စ်ကို ပြန်ခေါ်ဖို့ရှိနေလို့ ဖာနန်ဒက်စ်အနေနဲ့ ၁၀ရက် သီးသန့် နေထိုင်ရဖို့ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဝုလ်အသင်းမှာ ပေါ်တူဂီ လက်ရွေးစင် ၈ဦးထိ ရှိနေတာကလည်း ကလပ်အသင်းကို ခြေစွမ်းပိုင်း ကျဆင်းဖို့ အကြောင်းဖန်နေပါတယ်။

Share

က္က