ကာကွယ်ဆေးနဲ့ဆက်နွယ်တဲ့ မူခင်းတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ရာမှာ လူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးအတု ထုတ်လုပ်နေကြောင်း သံသရှိသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ကာကွယ်ဆေးအတု အလုံးရေထောင်နဲ့ချီ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

(သရုပ်ဖော်ဓာတ်ပုံ ဖြစ်ပါသည်) (Photo: Reuters)

တရုတ်ရဲတပ်ဖွဲ့က ကာကွယ်ဆေးနဲ့ဆက်နွယ်တဲ့ မူခင်းတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ရာမှာ လူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး COVID-19 ကာကွယ်ဆေးအတု အရေအတွက် ၃,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရသတင်းဌာန Xinhua က ပြောပါတယ်။ သံသယရှိသူတွေကို ယမန်နှစ် စက်တင်ဘာလကတည်းက ကာကွယ်ဆေးအတုများ လုပ်နေခဲ့ကြောင်းနဲ့ ကာကွယ်ဆေးအတုအားလုံးကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။



COVID-19 ကာကွယ်ဆေးအတုကို ဆားဖျော်ရည် (saline solution) ဖြင့် ပြုလုပ်ခဲ့ကြောင်း Xinhua က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ သံသယရှိသူတွေက အဆိုပါ ကာကွယ်ဆေးအတုတွေကို နိုင်ငံခြားသို့တင်ပို့ရန် ရည်ရွယ်ထားကြောင်း တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Global Times သတင်းစာက နိုင်ငံရဲ့ အဓိက ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ကိုကားပြီး ဖော်ပြခဲ့ပါတယ်။

(သရုပ်ဖော်ဓာတ်ပုံ ဖြစ်ပါသည်) (Photo: AFP)

ရဲတပ်ဖွဲ့က ဘေဂျင်းနဲ့ ရှန်ဟိုင်း၊ အရှေ့ပိုင်းပြည်နယ် Shandong အပါအဝင် နေရာတွေမှာ COVID-19 ကာကွယ်ဆေးအတု ရှာဖွေဖမ်းဆီးရေး လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ COVID-19 ကပ်ရောဂါကို တိုက်ဖျက်နိုင်ရေး မျှော်လင့်ချက်ဖြင့် ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးထိုးမှုများ စတင်ဆောင်ရွက်နေကြပြီး နိုင်ငံအများအပြားက ကာကွယ်ဆေးရရှိရန် အလုအယက် ကြိုးပမ်းနေကြပါတယ်။

တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၁၀၃ သန်းကျော်ကို ကူးစက်ခဲ့ပြီး ၎င်းတို့အနက် ၂.၂၄ သန်း သေဆုံးခဲ့ကြောင်းနဲ့ ၇၅.၇၅ သန်းကတော့ ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က