ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးက COVID-19 ကို ၉၂ ရာခိုင်နှုန်းဝန်းကျင် ကာကွယ်မှုပေးနိုင်ကြောင်း The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်အရ သိရှိရပါတယ်။
(Photo: RDIF)
Sputnik V ဟာ ဘေးအန္တရာယ်ကင်ပြီး COVID-19 ကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်တယ်လို့ ယူဆရပါတယ်။ ရုရှားထုတ် COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို မထုတ်ပြန်မီက ၎င်းရဲ့ ထိရောက်မှုရာခိုင်နှုန်းအပေါ် အငြင်းပွားမှုအချို့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
သို့သော် ယခုအခါမှာတော့ Sputnik V ရဲ့ ထက်ရောက်မှုကို လက်တွေ့ပြသခဲ့ပြီးဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ရုရှားထုတ် Sputnik V ကာကွယ်ဆေးဟာ အမေရိကန်ထုတ် Pfizer-BioNTech ၊ ဗြိတိန်ထုတ် Oxford-AstraZeneca ၊ အမေရိကန်ထုတ် Moderna နဲ့ Janssen တို့နဲ့ အဆင့်တူဖြစ်တယ်လို့ ဆိုပါတယ်။ Sputnik V ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး ပထမအကြိမ်အပြီး ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထိုးရပါတယ်။
(Photo: Getty Images)
Sputnik V ကို ရုရှားအပြင် အာဂျင်တီးနား၊ ပါလက်စတိုင်းနယ်မြေ၊ ဗင်နီဇွဲလား၊ ဟန်ဂေရီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရန်တို့မှာလည်း အသုံးပြုနေကြောင်း သိရပါတယ်။ ရုရှားက ၂၀၂၁ ခုနှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားမှာ Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်သွားရန် ရည်မှန်ထားကြောင်း ကာကွယ်ဆေးအတွက် ငွေကြေးထောက်ပံ့ပေးတဲ့ RDIF (Russian Direct Investment Fund) ရဲ့ အကြီးအကဲ ကီရီလ်ဒီမီထရီက ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။
ရုရှားထုတ် Sputnik V ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၂၀ အောက် (မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။ နှစ်ကြိမ်ထိုးရတဲ့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၂၀ အောက် (မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ ဆိုပါတယ်။