ကာကွယ်ဆေးနည်းပညာကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ခိုးယူရန်ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer ထံမှ COVID-19 ကာကွယ်ဆေးနည်းပညာကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ခိုးယူရန်ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အရာရှိတွေက ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ထိုတိုက်ခိုက်မှုအကြောင်း လွှတ်တော်အမတ်တွေကို သီးသန့်ရှင်းလင်းတင်ပြခဲ့တယ်လို့ Yonhap သတင်းဌာနက ဆိုပါတယ်။ ထောက်လှမ်းရေးဌာန (National Intelligence Service - NIS) က ၎င်းနဲ့ အခြား လွှတ်တော်အမတ်တွေကို မြောက်ကိုရီးယားဟာ COVID-19 ကာကွယ်ဆေးနည်းပညာကိုရရှိရန် Pfizer ကုမ္ပဏီကို hack လုပ်ခဲ့ကြောင်း ယနေ့ အစောပိုင်းမှာ တံခါးပိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ha Tae-keung က သတင်းထောက်တွေကို ပြောပါတယ်။



(Photo: AsiaOne)

Ha Tae-keung ရဲ့ ပြောကြားမှုကို သတင်းတွေမှာ ဖော်ပြလာခဲ့ပြီးနောက် NIS က ၎င်းတို့အနေနဲ့ မြောက်ကိုရီးယားဟက်ကာတွေက COVID-19 ကာကွယ်ဆေးအချက်အလက်ရရှိရန် လုပ်ဆောင်နေကြကြောင်း လွှတ်တော်အမတ်တွေကို ရှင်းလင်းတင်ပြစဥ် ဆေးကုမ္ပဏီရဲ့အမည်ကို ဖော်ပြခဲ့ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

NIS ပြည်သူ့ရေးရာရုံးခန်းကလည်း လွှတ်တော် ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင် Ha Tae-keung ရဲ့ မှတ်ချက်ပြုမှုဟာ မှားယွင်းကြောင်း ပြောခဲ့ပါတယ်။ သို့သော် Ha Tae-keung ကတော့ ၎င်းရဲ့ ပြောကြားမှုဟာ မှန်ကန်ကြောင်း AP သတင်းဌာနက ဆက်သွယ်မေးမြန်းစဥ် ဖြေကြားခဲ့ပါတယ်။

((Photo: AP)

NIS က ၎င်းတို့ကို ပေးအပ်ခဲ့တဲ့ စာရွက်စာတမ်းတွေမှာ "မြောက်ကိုရီးယားက Pfizer ကာကွယ်ဆေးအချက်အလက်တွေကို ခိုးယူခဲ့ကြောင်းနဲ့ တောင်ကိုရီးယား ကာကွယ်ဆေးနဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများထံမှ နည်းပညာကို ခိုးယူရန်ကြိုးပမ်းခဲ့ကြောင်း" ဖော်ပြထားတယ်လို့ Ha Tae-keung က ဆိုပါတယ်။

NIS ရဲ့ ရှင်းလင်းတင်ပြမှု ပြီးဆုံးချိန်မှာ ထိုစာရွက်စာတမ်းတွေကို လွှတ်တော်အမတ်တွေက ပြန်လည်ပေးအပ်ခဲ့ရကြောင်းလည်း ၎င်းကပြောပါတယ်။ NIS စာရွက်စာတမ်းတွေမှာ Pfizer စာလုံးကို အလွန်ရှင်းလင်စွာ ဖော်ပြထားကြောင်းနဲ့ ရှင်းလင်းတင်ပြမှုအတွင်း ၎င်းအနေနဲ့ ထိုအမည်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ခြင်းပင် မရှိကြောင်းလည်း Ha Tae-keung က ဆိုပါတယ်။

(Photo: AP)

BBC သတင်းတစ်ရပ်မှာတော့ ယခုကိစ္စနဲ့ ပတ်သက်ပြီး Pfizer ကုမ္ပဏီကို ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ တွေ့ရှိရကြောင်း ထုတ်ပြန်မှုမရှိခဲ့ပါဘူး။ သို့သော် မြောက်ကိုရီးယားဟာ လာမယ့် သီတတင်းပတ်များအတွင်း Oxford-AstraZeneca ကာကွယ်ဆေး ၂ သန်း လက်ခံရှိသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က