၆၆နောက်ပိုင်း အဓိက ဆုဖလားတွေနဲ့ ဝေးနေတဲ့ အင်္ဂလန်ဟာ ၉၆နောက်ပိုင်း ယူရို ဆီမီးဖိုင်နယ်တက်လှမ်းဖို့ အရေး ယူကရိန်းကို ကျော်ဖြတ်ပြဖို့တော့ လိုပါသေးတယ်။
ယနေ့ညမှာ ယှဥ်ပြိုင် ကစားရမယ့် ယူကရိန်းအသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဥ်ဟာ အင်္ဂလန်အသင်းအတွက်တော့ အင်မတန်မှ ထူးခြားတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်လာတော့မှာပါ။
အကြောင်းကတော့ ဒီပွဲစဥ်ကို နိုင်လိုက်တာနဲ့ အင်္ဂလန်အသင်းဟာ ယူရိုသမိုင်းတစ်လျှောက် ၂၅နှစ်အတွင်း ဆီမီး ဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို အင်္ဂလန်အသင်း ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မလား ဒါမှမဟုတ် အမြဲတမ်း လွဲချော်နေတဲ့ ဆီမီးဖိုင် နယ်ကို အင်္ဂလန်တို့ ထုံးစံအတိုင်း အောင်ဖျာလိပ်မလား ဆိုတာ အထူး စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့ မှာပါ။
ရှုံးထွက်အဆင့်တွေမှာ ဂျာမနီကို ၅၅နှစ်အတွင်း မနိုင်ခဲ့တဲ့ စံချိန်ဆိုးကို ပြီးခဲ့တဲ့ ၁၆သင်းအဆင့်မှာ ကျော်ဖြတ် ပြနိုင်ခဲ့ပြီးတဲ့နောက် အင်္ဂလန်ရဲ့ ဒီပြိုင်ပွဲမှာ ယုံကြည်ချက်တွေဟာ ပိုမို ခိုင်မာလာခဲ့ပြီလို့ ယူဆနိုင်ပါတယ်။
ဒီလိုအချိန်မှာ ယူကရိန်းအသင်းနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်အတွက် မျှော်လင့်ချက် ရောင်ခြည် ပိုမို ထွန်းလင်း နေစေမှာပါ။
အင်္ဂလန်ဟာ ၁၉၆၆ ကမ္ဘာ့ဖလားအိမ်ရှင်တုန်းက ချန်ပီယံ ဖြစ်ပြီးနောက်ပိုင်း အဓိက ဆုဖလားတွေမှာ အောင် မြင်မှုနဲ့ ဝေးကွားနေတဲ့ ယနေ့အထိတိုင်အောင်ပါပဲ။
ဒီတစ်ကြိမ်မှာတော့ ၆၆တုန်းကလို အရိပ်အယောင်မျိုး ပြန်လည်မြင်တွေ့နေရပြီလို့ ပြောလို့ရပါတယ်။ အခြေခံ အကျဆုံးအချက်ကတော့ ပွဲစဥ်အားလုံးလိုလိုကို အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေကွင်းမှာ ကစားခွင့်ရထားခဲ့တာပါ။
အုပ်စု ၃ပွဲနဲ့ ရှုံးထွက် ၁ပွဲကို ဝင်ဘလေမှာသာ ကစားခဲ့ရပြီး ယခု ယူကရိန်းနဲ့ တစ်ပွဲတည်းသာ ကြားကွင်းဖြစ်တဲ့ အီတလီနိုင်ငံ ရိုးမားမှာ ကစားရမှာပါ။
ဒါကြောင့်လည်း ဒီပွဲဟာ အင်္ဂလန်အတွက် စိန်ခေါ်မှု တစ်ခုဖြစ်နေမလားဆိုတာ အထူး စိတ်ဝင်တစား စောင့် ကြည့်သွားရတော့မှာပါ။
ကမ္ဘာမှာ ဖြစ်နေတဲ့ ကိုဗစ် ပျံ့နှံ့မှုတွေကြောင့် အင်္ဂလန် ပရိသတ်တွေဟာ အီတလီကို လိုက်ပါ အားပေးခွင့် မရှိ ဘူး ဖြစ်နေလို့ ယနေ့ကစားမယ့် စတေဒီယိုအိုလံပီကိုကွင်းကြီးထဲမှာ ယူကရိန်း ပရိသတ်တွေက ပိုများနေမှာ တော့ အမှန်ပင်။
ဒါပေမယ့်လည်း ဒီလို ပရိသတ် များများ စားစား လိုက်ပါ အားမပေးနိုင်မယ့် ပွဲစဥ်ဟာ အသင်းအတွက် ပို တောင် ကောင်းသေးတယ်လို့တော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ကြုံးဝါးထားပါသေးတယ်။
“မနှစ်က တစ်နှစ်လုံး ကျွန်တော့်အသင်းက ပရိသတ် မရှိတဲ့ ပွဲတွေ ကစားခဲ့ပြီးသားပါ၊ ဒါကြောင့် ရင်းနှီးပြီးဖြစ်လို့ ယခုပွဲက အထူးတလည်တော့ ခံစားချက် ဖြစ်နေကြမှာ မဟုတ်ပါဘူး။ ကွင်းထဲမှာကစားပြီဆိုရင် အဓိက လိုအပ် တာက ခေါင်းဆောင်ကောင်းပါပဲ။ဒီအချက်ကလည်း ကျွန်တော်တို့မှာ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိပါတယ်။”လို့ ဆောက်ဂိတ်က ဆိုပါတယ်။
အင်္ဂလန်အနေနဲ့ ယူကရိန်းကို အနိုင်ရခဲ့ပါက ယူရို ၉၆နောက်ပိုင်း ပထမဆုံးအကြိမ် ယူရို ဆီမီးဖိုင်နယ်ကို ပြန်လည် တက်လှမ်းလာနိုင်တော့မှာပါ။
ဒီအချက်က ပွဲမကစားရသေးလို့ မသေချာသေးပေမယ့် အနီးစပ်ဆုံး ၂၀၁၈ ကမ္ဘာ့ဖလားကို ပြန်ကြည့်လိုက်မယ် ဆိုရင် အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းပြထားနိုင်ပါတယ်။
ဒီအချက်ကပဲ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကို အထင်ကြီးစရာ တစ်ကွက်အဖြစ် မြင်နေရပြီး အထူး စိတ်ဝင်တစား ဖြစ်နေစေမှာပါ။
Share