အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဥ်တွေမှာ အသုံးပြုခဲ့တဲ့ ၄-၃-၃ ကစားကွက်ကို ရှုံးထွက်အဆင့်တွေမှာ မသုံးတော့ပဲ နောက်တန်း ၃ယောက်ထားတဲ့ ပုံစံနဲ့ ပြောင်းလဲ ကစားခဲ့တာ ဖြစ်ပြီး ယခုဗိုလ်လုပွဲမှာလည်း အချို့သော အပြောင်း သတင်းတွေ ပေါက်ကြားခဲ့လို့ နည်းပြ ဆောက်ဂိတ် အသည်းအသန် ပြောင်းလဲပြင်ဆင်မှုတွေ လုပ်နေရပါတယ်။
အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ လာမယ့် အီတလီနဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ နောက်ခံလူ ၃ယောက် ထား ကစားစေမယ့် ကစားကွက်ကို ပြန်လည်အသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီအတွက် ရှေ့ပွဲစဥ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၁၉နှစ်အရွယ် ဆာကာနေရာမှာ အက်သလက်တီကို မက်ဒရစ် ကစားသမား ထရစ်ပီယာကို အစားထိုး အသုံးပြုဖွယ်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စု ၃ပွဲစလုံးကို ၄-၃-၃ ကစားကွက်နဲ့ ကစားခဲ့တာ ဖြစ်ပြီး ရှုံးထွက်အဆင့်ရောက်မှသာ နောက်ခံလူ ၃ယောက်ပဲထားတဲ့ ပုံစံကို ပြောင်းလဲ အသုံးပြုခဲ့တာပါ။
Telegraphသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ နည်းပြဆောက်ဂိတ်ဟာ ယခုပြိုင်ပွဲအတွက် လေ့ကျင့်ရေး အစီအစဥ်တွေမှာ ကစားပုံအမျိုးမျိုးကို အထူးတလည် ပြင်ဆင်ခဲ့ထားပြီး အီတလီနဲ့ပွဲမှာလည်း လီဗာပူး အသင်း ခေါင်းဆောင် ဟန်ဒါဆင်ကို အရန် ကစားသမားအဖြစ်သာ မြင်တွေ့ရဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။
အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ရဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲကြီးကိုတော့ ယနေ့ည မြန်မာစံတော်ချိန် (တနင်္လာနေ့ နံနက် ၁နာရီခွဲ)မှာ ကျင်းပသွားမှာပါ။