နည်းပြ ဆောက်ဂိတ်နဲ့ ဂရီလစ်ရှ်တို့ ပင်နယ်တီမကန်ခင် အပြန်အလှန် စကားပြောနေကြတာကို ရုပ်သံမှတ်တမ်း တွေက ဖော်ပြလာကြပါတယ်။
အင်္ဂလန်အသင်းရဲ့ ပင်နယ်တီကန်သွင်းသူ ၅ဦးမှာ ၃ဦးက လူငယ်ကစားသမားတွေ ပါဝင်နေပြီး ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့ ဆာကာတို့ ဖြစ်ပါတယ်။
ကံဆိုးစွာပဲ သူတို့ ၃ဦးစလုံး ဂိုးကံခေခဲ့လို့ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ဖလားကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါ တယ်။
ဒီအပေါ်မှာတော့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ စတားလင်း၊ဂရီလစ်ရှ်တို့ကိုကျော်ပြီး လူငယ်တွေကို ကန်ခိုင်းခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ကို ရွိုင်ကိန်းက မေးခွန်းထုတ်ထားပါတယ်။
ပင်နယ်တီကန်သွင်းခွင့်မရခဲ့တဲ့ ဂရီလစ်ရှ်ကိုယ်တိုင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှတဆင့် - “ ကျွန်တော် တစ်လုံး တာဝန်ယူမယ်လို့ နည်းပြကို ပြောခဲ့ပါတယ်။ဒါပေမယ့် နည်းပြက ပြိုင်ပွဲတစ်လျှောက် သူ့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေအတိုင်း ဒီညမှာလည်း အလားတူ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တော့ မပါခဲ့ဘူး ပေါ့။”လို့ ရေးသားဖော်ပြလာပါတယ်။
ရုပ်သံ ပြကွက်တွေမှာလည်း ပင်နယ်တီ မကန်သွင်းခင် နည်းပြနဲ့ ကစားသမားတွေ အပြန်အလှန် ဆွေးနွေး တိုင်ပင် နေချိန် ဂရီလစ်ရှ်နဲ့ အပြန်အလှန်ပြောနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။
ဒီလို စီနီယာ ကစားသမားတွေ ရှိပါလျက်နဲ့လူငယ်တွေကို ပေးကန်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ကိုသာ အားကစား သုံးသပ်သူ ရွိုင်ကိန်းက မေးခွန်းထုတ်ထားပြီး လူငယ်ကစားသမားလေး ဆာကာအပါအဝင် ပင်နယ်တီမဝင်သူတွေ ကို အပြစ်မတင်ပဲ ကိုယ်ချင်းစာတရားထားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ပြိုင်ပွဲ တစ်လျှောက် ပင်နယ်တီ လုံးဝ မကစားခဲ့ရပဲ ယခု ဗိုလ်လုပွဲကို တက်လာ ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး ကစားရတဲ့ ပင်နယ်တီက ဗိုလ်လုပွဲဖြစ်နေပြီး ဒီပင်နယ်တီ အဆုံးအဖြတ်ဟာ ယခင် အင်္ဂလန် အသင်း အဆက်ဆက် ရှုံးနိမ့်ခဲ့တဲ့ အတိုင်း ထပ်မံ အရေးနိမ့်သွားခဲ့ရတာပါ။
အင်္ဂလန်အသင်းအတွက်တော့ ပင်နယ်တီဟာ ကျိန်စာဆိုးတစ်ခုလို အမြဲတစေ ခြောက်လန့်နေတော့မှာပဲ ဖြစ်ပါ တယ်။