Xiaomi ဖုန်းတွေထဲမှာ ဈေးအမြောက်ဆုံးဖုန်းတစ်လုံး ဖြစ်ဖို့ ရှိပါတယ်။

Under-Display ကင်မရာနဲ့ ထွက်လာမယ့် ပထမဆုံး Xiaomi ဖုန်းသစ်အပေါ် တရုတ်မှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ 

Xiaomi ဟာ လာမယ့် ဩဂုတ်လ ၁၀ ရက် (မနက်ဖြန်) မှာ Mi Mix 4 ဖုန်းသစ်ကို တရုတ်ဈေးကွက်ထဲ ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မှုမတိုင်ခင်မှာပဲ Mi Mix 4 ကို JD.com ၊ Mi Mall နဲ့ Xiaomi ရဲ့ Tmall store စတဲ့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ ကြိုတင်စာရင်းပေးထားကြပါတယ်။ မနေ့ကအထိ ရတဲ့ အချက်အလက်တွေအရ Mi Mix 4 အတွက် ဝယ်ဖို့ စိတ်ဝင်စားကြောင်း စာရင်းပေးထားသူ ၂၃၀၀၀၀ ကျော် ရှိလာပြီလို့ Gizmochina သတင်းက ဆိုပါတယ်။ 



Photo: GSMArena

ဒီအရေအတွက်ဟာ အရောင်းအွန်လိုင်းပလက်ဖောင်းအားလုံးအတွက် ကြိုပြီး စာရင်းပေးသွင်းထားတဲ့ ပမာဏ ဖြစ်ပါတယ်။ နာမည်ကျော် JD.com အွန်လိုင်းပလက်ဖောင်းမှာ စာရင်းသွင်းသူ ၁၅၀၀၀၀ နဲ့ ကျန်တဲ့ အွန်လိုင်း portal နှစ်ခုမှာ ၈၀၀၀၀ စီ ရှိထားတာ ဖြစ်ပါတယ်။ ဒီပမာဏအရ ဈေးကွက်အတွင်းမှာ အသစ်ဝင်လာမယ့် Xiaomi Mi Mix 4 အပေါ် စိတ်ဝင်စားမှု သိသိသာသာ မြင့်တက်‌နေတယ်လို့ ဆိုရမှာပါ။ 

Xiaomi ရဲ့ Mi Mix စီးရီးတွေဟာ အစဉ်အလာအတိုင်း စမတ်ဖုန်းသုံးစွဲသူတွေအကြား စိတ်ဝင်စားမှုရနေကျ ဖုန်းတွေ ဖြစ်ပြီး မော်ဒယ်တစ်ခုနဲ့တစ်ခုအကြားလည်း ထွက်ရှိချိန်က အတော်လေး ခြားပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ Mi Mix 3 ဆို ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး နောက်သုံးနှစ်ကြာမှ Mi Mix 4 ရယ်ဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ Full Screen ဒီဇိုင်းသွားတဲ့ Xiaomi Mi Mix စီးရီးဖုန်းတွေထဲမှာ ဒီတစ်ခေါက်ထွက်မယ့် Mi Mix 4 ကတော့ အလန်းဆုံး ဖြစ်မှာပါ။ 


Photo: androidcommunity

Xiaomi Mi Mix 4 ဟာ Under-Display ကင်မရာကို သုံးလာမယ့် ပထမဆုံး Xiaomi ဖုန်း ဖြစ်ပြီး မှန်ခုံးဒီဇိုင်းပဲ သုံးလာဖို့ ရှိပါတယ်။ screen ဟာ FHD+ resolution ပံ့ပိုးထားပြီး 120Hz refresh rate နဲ့ လာမှာပါ။ flagship ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 888+ Processor ကို သုံးလာဖို့ ရှိပြီး 120W fast charging ပါ 4500mAh ဘက်ထရီ နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ 

ဈေးနှုန်းနဲ့ တခြား ထူးထူးခြားခြား Specs တွေအကြောင်း မသိရသေးပေမယ့် Xiaomi Group အမှုဆောင်အရာရှိချုပ် လေဂျန်ကတော့ Mi Mix 4 ဟာ လူတိုင်းရဲ့မျှော်လင့်ချက်ကို စိတ်မပျက်စေမယ့် ဖုန်းတစ်လုံး ဖြစ်မယ်လို့ ဆိုပါတယ်။ ဈေးကတော့ Xiaomi ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးမော်ဒယ်ဖြစ်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က