လူငယ်အသင်းမှာ ရွေးချယ်ခံခဲ့ရဖူးသူဖြစ်ပါတယ်။

အာဖဂန်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအရှုပ်အထွေးပြသနာတွေကြားမှာ တိုင်းပြည်တွင်းက ထွက်ခွာဖို့ ကြိုးစားရင်း ကဘူးလ်လေဆိပ်မှာ သေဆုံးခဲ့သူတွေရှိနေခဲ့ပါတယ်။ အမေရိကန်လေတပ်ဖွဲ့ရဲ့ C-17 သယ်ပို့လေယာဉ်ပေါ်ကို တက်ရောက်ခွင့်ရဖို့ အလုအယက်ကြိုးပမ်းမှုတွေရှိခဲ့ကာ လေယာဉ်ကို ဖက်တွယ်လိုက်ပါဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးသူတွေလည်း ရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်အတွင်းကလည်း လေယာဉ်ဘီး (ဆင်းသက်ဂီယာ) အတွင်း အာဖဂန်အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့လို့ အားလုံးအတွက်တော့ ထိတ်လန့်ကြေကွဲစရာဖြစ်ခဲ့ရပါတယ်။ အခုအခါမှာတော့ အဆိုပါသေဆုံးခဲ့သူဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အာဖဂန်လူငယ်လက်ရွေးစင်ဘောလုံးကစားသမားတစ်ဦးဖြစ်တယ်လို့ Daily Star ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ကဘူးလ်ကို တာလီဘန်အုပ်စုက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဟာမစ်ကာဇိုင်းလေဆိပ်မှာ နိုင်ငံအသီးသီးက သူတို့ရဲ့လူတွေကို ကယ်ထုတ်နေခဲ့သလို တာလီဘန်တွေလက်က လွတ်မြောက်ချင်တဲ့ အာဖဂန်နိုင်ငံသားတွေလည်း စုရုံးရောက်ရှိခဲ့ပြီး ဝရုန်းသုန်းကားအခြေအနေဖြစ်ခဲ့ပါတယ်။ အာဖဂန်တွေဟာ ကြုံရာလေယာဉ်နဲ့ လိုက်ပါနိုင်ဖို့ ကြိုးစားခဲ့ကြပြီး လေယာဉ်တွေကို ဖက်တွယ်ကာ လိုက်ပါခဲ့ကြတဲ့အထိ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

Zaki Anvari သေဆုံးခဲ့တဲ့အကြောင်းကို သတင်းထောက် Babak Taghvaee က တွစ်တာကတဆင့် အတည်ပြုခဲ့ပါတယ်။ "ကဘူးလ်ကနေထွက်ဖို့ကြိုးစားခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဟာ USAF C-17A သယ်ပို့လေယာဉ်ရဲ့ ဘီးအတွင်းကြားမှာ ညပ်ပြီးသေဆုံးခဲ့တာကို ကြားရတာ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်" လို့ သူကဆိုပါတယ်။ 

Zaki Anvari ဟာ ဖေ့ဘွတ်ခ်စာမျက်နှာမှာ သူ့ရဲ့နောက်ဆုံးရေးသားမှုအဖြစ် "မင်းက မင်းဘဝကို အရောင်ခြယ်ရမယ့်သူပဲ၊ ဆေးသုတ်တံကို ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့" လို့ ရေးခဲ့ပါတယ်။ အာဖဂန်လက်ရွေးစင်ဟောင်းကွင်းလယ်လူ နဲ့ လက်ရှိမှာ လက်ထောက်နည်းပြအဖြစ်တာဝန်ယူနေသူ Ali Askar Lali ကလည်း Zaki သေဆုံးခဲ့မှုအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က