ဆံပင်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်လေးနဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ နေခန့်မင်းသစ်က သူ့ရဲ့ ဆံပင်တွေကို မလှူပဲနဲ့ မှန်ဘောင် ထဲမှာ အမြတ်တနိုးသိမ်းထားမယ်လို့ ဆိုပါတယ်။ ဒီဆံပင်တွေကို သူ့ရဲ့ သားသမီးတွေကို အမွေပေးမှာပါတဲ့။
Photo: Nay Khant Min Thit Facebook
Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးမှာ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နေခန့်မင်းသစ်ရဲ့ အ ကြောင်းကို ဖော်ပြပေးလိုုက်တယ်နော်။ ဆံပင်အရှည်ကို အမြတ်တနိုး ချစ်တတ်သူတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ ဆံပင်တွေကို မှန်ဘောင် ထဲထည့်ပြီးတောင် သိမ်းထားချင်တဲ့အကြောင်း မီဒီယာအင်တာဗျူးကနေတဆင့်ပြောပြလာပါတယ်။
'' ဆံပင်အရှည်ကို နောက်ထပ် ၃ နှစ်လောက်ထားဦးမှာ ပြီးရင် ကျွန်တော်ညှပ်မယ်။ ပြီးတော့ မှန်ဘောင်ထဲမှာ ထည့်ပြီးတော့ သေချာ သိမ်းထား မှာပါ။ ကျွန်တော့် ဆံပင်ကို အရမ်းမြတ်နိုးလို့ပါ။ တော်တော်များများကတော့ ဆံပင်မလှူဘူးလားပြောကြတယ်။မလှူချင်ဘူး ပြောရင် လည်း ငရဲ ရဦးမယ်'' လို့ ဆိုပါတယ်။
Photo: Nay Khant Min Thit Facebook
ဆံပင်အရှည်နဲ့လည်း လိုက်ဖက်ပြီး ဆံပင်အရှည်ကို မြတ်နိုးပါတယ်ဆိုတဲ့ နေခန့်မင်းသစ်ဟာ သူ့ရဲ့ ဆံပင်တွေကို သားသမီးတွေအတွက် အမွေ ပေးချင်တယ်လို့လည်း ထူးထူးခြားခြား ပြောပြလာပါတယ်။
'' မလှူချင်ဘူးဆိုတာကလည်း အမြတ်တနိုးသိမ်းထားချင်တာပေါ့ တစ်သက်လုံး။ ကျွန်တော်မွေးလာမယ့် သားသမီးတွေ အလှည့်ကျရင် အမွေ ပေးချင်လို့ပေါ့ ဆံပင်ကို'' ဆိုပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ညက Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ Top 3 ရွေးချယ်ပွဲမှာ မီဒီယာ တွေ ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Nay Khant Min Thit Facebook
အကဲဖြတ်ဒိုင်အချင်းချင်း အမြင်မတူဘူးဆိုတဲ့ မျိုးကျော့မြိုင်
နေခန့်မင်းသစ်ရဲ့ ဆံပင်အရှည်ထားရတဲ့ အကြောင်းအရင်းကလည်း ထူးဆန်းပါသေးတယ်။ ဆံပင်အရှည်ကို ဂရုစိုက်ရလွန်းလို့လည်း ချစ်သူ လိုလိုတောင်ဖြစ်နေပြီလို့ သူကပြောပါတယ်။
'' ကျွန်တော် ဒီဆံပင်အရှည်ထားဖြစ်တာက ဦးလေးဖြူကို အားကျပြီးတော့ စထားဖြစ်တာပေါ့နော်။ ဂရုစိုက်ရတယ်ဆိုတော့ ကိုယ့်ရဲ့ ချစ်သူ လိုလို တောင် ဖြစ်နေပြီပေါ့။ ရှေ့ဆက်ဘာတွေ ဆက်လုပ်သွားမလဲဆိုတာကိုတော့ ကျွန်တော့်အကျင့် ကလည်း ကြိုပြီးတော့ မစဉ်းစားဖြစ်ဘူး။ ဖြစ်လာတဲ့အတိုင်း လုပ်တတ်တာဆိုတော့ လောလောဆယ်မှာ သေချာမပြောတတ်သေးဘူး'' လို့ ဆိုပါတယ်။
Photo: Nay Khant Min Thit Facebook
နေခန့်မင်းသစ်ကို Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ ရုပ်ကလည်းချော ဆံပင်အရှည်နဲ့ လိုက်ဖက်သူဖြစ်တာကြောင့်လည်း မိန်းကလေး ပရိသတ်တွေ အားပေးမှု များစွာရရှိခဲ့တာပါ။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။