အချက်အလက်များ အသေးစိတ်လေ့လာခဲ့အပြီး ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းဟာ ကံအဆိုးဆုံးအသင်းဖြစ်ခဲ့ပြီး ကံအကောင်းဆုံးအသင်းအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ရပ်တည်ခဲ့တယ်လို့ သုတေသနစစ်တမ်းများအရ သိရပါတယ်။ ESPN , Intel နဲ့ University of Bath တို့ရဲ့ ပူးပေါင်းလေ့လာချက်များအရ သိရှိရတာ ဖြစ်ပါတယ်။



Photo : BBC

 

လီဗာပူးလ်အသင်းဟာ ခွင့်မပြုခဲ့တဲ့ သွင်းဂိုးများ၊ ပယ်နယ်တီမှားယွင်းသတ်မှတ်ပေးခြင်းတွေနဲ့ အနီကတ်ပြစ်ဒဏ်တွေကို ရရှိခဲ့ပြီး ရမှတ် (၁၂)မှတ်အထိ ဆုံးရှုံးခဲ့ရတယ်လို့ စစ်တမ်းများက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုတွေကတဆင့် ရမှတ် (၆)မှတ်အထိ အခွင့်အရေး ရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါင် ၈၉သန်းတန် ဘာစီလိုနာ ကစားသမားအတွက် ကြိုးစားမယ့် အာဆင်နယ် 

Photo : BBC

 

လေ့လာမှုများအရ ဟတ်ဒါဖီးလ်အသင်းဟာ တန်းဆင်းရမယ့် အခြေအနေကို ရောက်ရှိခဲ့ရမှာ ဖြစ်ပေမယ့်လည်း တကယ်တမ်းမှာတော့ စတုတ်စီးတီးအသင်းဟာ ဒိုင်လူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှုတွေနဲ့အတူ နစ်နာခဲ့ရပြီး တန်းဆင်းသွားခဲ့ရတယ်လို့ သိရပါတယ်။ ဘရိုက်တန် အသင်းဆိုရင်လည်း အဆင့် (၆)နေရာမှာ ရပ်တည်ရမယ့် အနေအထားမှာ ရှိခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ပေါင်၁၁.၅သန်းထိ ဆုကြေးငွေတိုးမြှင့်ရရှိခဲ့ရမှာ ဖြစ်ပါတယ်။

 

ဘရိုက်တန်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အဆင့် (၉)နေရာမှာ ရပ်တည်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ အဆင့် (၁၄)နေရာမှာ ရပ်တည်ခဲ့ရပေမယ့် ဒိုင်လူကြီးများရဲ့ မှားယွင်းဆုံးဖြတ်မှုတွေကိုသာ မရရှိခဲ့ဘူးဆိုရင် အဆင့် (၉)နေရာမှာ ရပ်တည်ရမှာ ဖြစ်တယ်လို့ သုတေသနများ ပြုလုပ်အပြီးမှာ အဖြေထွက်ပေါ်ခဲ့ပါတယ်။

Photo : BBC

 

လီဗာပူးလ်အသင်းကလည်း မှားယွင်းဆုံးဖြတ်မှုတွေ မရရှိခဲ့ဘူးဆိုရင် အဆင့် (၂)နေရာမှာ ရပ်တည်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆင့် (၄)နဲ့ ရာသီကုန်ဆုံးရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ သုတေသန ပြုလုပ်ချက်တွေမှာ သွင်းဂိုးများ ခွင့်မပြုခဲ့မှု၊ ပယ်နယ်တီပြစ်ဒဏ်သတ်မှတ်ပေးခဲ့မှု၊ အနီကတ်ပြစ်ဒဏ်၊ နာကျင်အချိန်ပိုထက်ကျော်လွန်ပြီး ဂိုးသွင်းယူခဲ့မှု၊ ဂိုးသွင်းမှု လွဲချော်ခြင်း အစရှိတဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး စစ်တမ်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo : BBC

 

စစ်တမ်းအရ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းများနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရ အသင်းများဟာ ရပ်တည်မှုအနေအထားသာ ပြောင်းလဲသွားမှာ ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှုက ပြောင်းလဲသွားမှာမဟုတ်ပေမယ့် တန်းဆင်းဇုန်မှာတော့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆွမ်ဆီး၊ စတုတ် နဲ့ ဝက်ဘရွန်းစ်အသင်းတို့ တန်းဆင်းသွားခဲ့ရပေမယ့် စတုတ်စီးတီးရဲ့ နေရာမှာ ဟတ်ဒါဖီးလ် တန်းဆင်းရမယ့် အခြေအနေကို မြင်တွေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က