ချစ်သူလေးက ဝမှ ပိုချောလာတာပါတဲ့။

G-Fatt က ပိန်တယ်လို့ အပြောခံရတာများတဲ့အတွက် ဝအောင်လုပ်နေတယ်လို့ ဆိုပါတယ်။ ချစ်သူ နန်းဆုရတီစိုးကလည်း G-Fatt တစ်ယောက် ဝလာမှ ပိုချောလာတယ်လို့ ပြောထားပါတယ်။

Photo: Media Wave

အဆိုတော် G-Fatt တစ်ယောက် ဝဝဖြိုးဖြိုးဖြစ်လာမှ ဖောင်းကားနေတာပဲလို့ အပြောခံရတဲ့အပေါ် ရင်ဖွင့်ပြောပြလာပါတယ်။

‘’ပိန်ညှောင်နေတာပဲ ဆိုလို့ ဝ အောင်နေတယ်လေ။ အခု နဲနဲလေး ဝ လာမှ ဖောင်းကားနေတာပဲ တဲ့လား’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတင်လိုက်တဲ့ စာလေးကြောင့်လည်း ပရိသတ်တွေက သဘောကျလို့နေပါတယ်။

Photo: A Lin Yaung

G-Fatt ဟာ နန်းဆုရတီစိုးနဲ့ တွဲလာတာ ကြာတဲ့အချိန်မှာတော့ ဝဝဖြိုးဖြိုးနဲ့ ပိုပြီးတော့ ကြည့်ကောင်းလာတာ တွေ့ရပါတယ်။ နန်းဆုကိုယ်တိုင်ကလည်း G-Fatt ပိုချောလာတဲ့ အကြောင်းကိုDuwun Media ကနေ ဝန်ခံ ပြောပြခဲ့ပါတယ်။

‘’ကိုယ်လည်း မြင်တာ ပိုပြီးတော့ ချောလာသလိုပဲ။ ပိုပြီးတော့လည်း ဝလာတယ်။ပိုပြီးတော့လည်း အသားဖြူ လာတယ်။ ကျွေးတာလေ သူ့ကို ကိုယ်က လျှော့စားလိုက်ပြီးသူ့ကို များများစားခိုင်းတယ်။ နို့မို့ဆိုရင် သူကအ ရမ်းပိန်နေရင် ကိုယ်ကဝသလိုဖြစ်နေမှာလေ။ အဲ့ဒါကြောင့် သူက ဝလာတော့ အနေတော်ဖြစ်သွားတာပေါ့’’ လို့  Zoey"အမှတ်တံဆိပ် Handmade အိတ်ဆိုင်ဖွင့်လှစ်ခြင်းအခမ်းအနားကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: G-Fatt Fb

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ GFatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။

Photo: Amazing Grace

G-Fatt က သူ့ရဲ့ ပရိသတ်တွေ အတွက် သီချင်းအသစ်လေးတစ်ပုဒ်ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းကိုတော့ ကလောမြို့လေးမှာ ရေးသားခဲ့တာဖြစ်ပြီး သီချင်းထဲက အကြောင်းအရာကလည်း ရန်ကုန်မှာတောင်ရေးလို့မရတဲ့ ခံစားချက် ကွက်တိဖြစ်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က