ဖြိုးငွေစိုးဟာ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။
Photo: Phyo Ngwesoe Facebook
သရုပ်ဆောင် ဖြိုးငွေစိုးက မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားထဲမှာ နန်းတွင်းဝတ်စုံ ဝတ်ပြီး နာရီပတ်ထားတယ်ဆိုတဲ့ ပရိသတ်ဝေဖန် မှု တွေအပေါ် မီဒီယာတွေကနေတဆင့် ရှင်းလင်းပြောပြခဲ့ပါတယ်။ ဒါတွေကလည်း ပရိသတ်တွေရဲ့ စိတ်ထဲမှာ အထင် အမြင်လွဲသွားတာပါလို့ သူကဆိုပါတယ်။
'' ကျွန်တော်တို့ဆီမှာ လက်ပတ်လေးတွေရှိကြတယ်။ လယ်သာကို ပြန်ပြီးတော့ ကြိုးလေးတွေလို ပြန်လုပ်ထားတာပေါ့နော်။ အမှန်တော့ အဲ့ဒါ နာရီမဟုတ်ဘူး။ အချောင်းလေး ထည့်တဲ့ သံကွင်းလေးကို တွေ့လို့ နာရီလို့ ထင်သွားတာဖြစ်မယ်။ ဒါက လက်ပတ်သက်သက်ပဲ။ ပရိသတ်တွေ ပြောသလိုသာ ဆိုရင်လည်း အချိန်သိရတာပေါ့။'' လို့ ပြောပါတယ်။
Photo: Phyo Ngwesoe Facebook
အွန်လိုင်းပေါ်ကနေ ကျော်ထူးကို စနောက်လိုက်တဲ့ ဖြိုးငွေစိုး
မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၅ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြိုးငွေစိုးရဲ့ ကာရိုက်တာကိုလည်း အခုလို မိတ်ဆက်ပေးခဲ့ပါတယ်။
'' ဒီဇာတ်ကားထဲမှာ ကျွန်တော်က မှော်ဆရာ၊ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးလည်း စဉ်းစားရတယ်။ တော်တော်လေး လည်း ရှာရတယ်။ ပုံတွေလည်း သေချာကြည့်၊ သေချာ လေ့လာရတယ်ပေါ့နော်။ ကျွန်တော်နဲ့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ လုပ်လိုက်တာ တစ်ခုခုကို အတုယူထားတာမဟုတ်လို့ ကျွန်တော့် စိတ်ကြိုက်ပုံစံလို့ ပြောလို့ရပါတယ်'' လို့ ဆိုပါတယ်။
Photo: Phyo Ngwesoe Facebook
သရုပ်ဆောင် ဖြိုးငွေစိုးက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ်းလှမ်း လာမယ့် ကာရိုက်တာတွေကို စောင့်နေမယ့် အစား ပရိသတ်စိတ်ဝင်စားအောင် လုပ်မယ့် နည်းလမ်းမျိုးတွေ ဖန်တီးရတာကို သဘောကျတယ် လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
'' ကျွန်တော်တို့ကလေ ကိုယ့်ဆီကို လာတဲ့အရာကို မျှော်လင့်နေတာထက်စာရင် ကိုယ့်ဘာသာကိုယ် တစ်ခုခု ဖန်တီးပြီးတော့ ပရိသတ်ဆီကို ပြန်ပို့တဲ့ နည်းလမ်းက ပိုပြီးတော့ အဆင်ပြေတယ်။ ကျွန်တော်က တော့ အဲ့ဒီနည်းလမ်းကို ပိုပြီးတော့ ဦးစားပေးတယ်'' ဆိုပြီးတော့ စက်တင် ဘာလ ၂၇ ရက်နေ့ညက မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Phyo Ngwesoe Facebook
ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။