ပိုပြီး လိမ္မာအောင်နေသွားမယ်။

သရုပ်ဆောင်အကယ်ဒမီယွန်းယွန်းက တစ်နေ့ထက်တစ်နေ့အလှတွေ တိုးလာတဲ့ လျှို့ဝှက်ချက်ကတော့ အရွယ်ရောက်လာလု့ိ ပရိသတ်အမြင် တွေပြောင်းသွားတာဖြစ်မှာပါတဲ့။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အခွင့်ကောင်းမယူပဲ လိမ္မာတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ် အောင်ကြိုးစားမယ်လို့ဆိုပါတယ်။


 

ကလေးသရုပ်ဆောင်အရွယ်ကတည်းက ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီယွန်းယွန်းဟာ အရွယ်ရောက်လာပြီး တဲ့နောက် ပိုပြီးလှလာတာကို တွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ငယ်ငယ်တုန်းကထက် ပိုပြီး ချစ်ခင်အားပေးလာတာဖြစ်ပါတယ်။ အရင်ထက်ပိုပြီးလှပနေတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း Duwun media ကနေပြောပြခဲ့ပါတယ်။

'' အရွယ်ပြောင်းသွားလို့လည်း အမြင်ပြောင်းသွားတာဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို  လှဖို့လည်း ဘာမှမလုပ်ဖြစ်ဘူး Gym လည်းမသွားဖြစ်ဘူး။ အစားဆိုရင်လည်း စားချင်တာရှိရင် စားလိုက်တယ်။ Skin Care တွေကိုလည်း အချိန်အများကြီးပေးပြီးတော့ လုပ်ရမှာပျင်းတော့ နေချင်သလို နေတဲ့ ကလေးထဲမှာ ပါတယ်'' လို့ ဆိုပါတယ်။

 

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထိန်းသိမ်းဖို့အတွက် အားကစားတွေ လုပ်ရမယ်၊ ကျန်းမာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားသွားမယ် ဆိုတာကို ဇူလိုင်လ ၂၃ ရက်နေ့က အလှမယ် ဟန်တီရဲ့ မွေးနေ့ပွဲကို တက်ရောက်လာရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ကျန်းမာရေးကောင်းတဲ့ မိန်းကလေး ဆိုတာကလည်း ကျန်းမာရေးတစ်ခုတည်းမဟုတ်ဘူးပေါ့နော်၊ အသားအရေဆိုလည်း ကျန်းကျန်းမာမာ ကောင်းကောင်း မွန်မွန်၊ စိုစိုပြေပြေလေးနဲ့ပေါ့ ဆံပင်ဆိုလည်း ကျန်းမာတဲ့ ဆံသားလေးဖြစ်နေတာမျိုးပေါ့နော်။ မိန်းကလေးဆိုရင်လည်း သူ့ မှာ ခါးဆိုဒ်၊ ရင်ဆိုဒ်၊ တင်ဆိုဒ် ရှိရင်ကောင်းတယ်ဆိုတာပေါ့ ဒါလေးကတော့ စံပုံစံလေးပါ။ အဲ့ဒီအတွက် ကြိုးစားပါ့မယ်'' လို့ သူကဆိုပါ တယ်။

ကောလာဟလတွေကို သိပ်ဂရုမစိုက်ဖြစ်တော့ဘူး ဆိုတဲ့ ယွန်းယွန်း 

ယွန်းယွန်းကတော့ သူ့ကိုဝန်းရံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ဒီအချစ်တွေအပေါ် အခွင့်အရေးမယူဘူးလို့လည်းသူကဆိုပါတယ်။

''ဝန်းရံပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ သမီးဒီ့ထက်ပိုပြီးတော့ လိမ်လိမ်မာမာနေပါ့မယ်၊ လိမ်လိမ် မာမာနေတယ်ဆိုတာကလည်း ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေဆိုရင် ဘယ်လိုပဲမြင်မြင်ချစ်နေကြတာပဲလေ။ ငါဘယ်လိုနေနေ ချစ်နေကြတာပဲ ဆိုပြီးတော့လည်း အခွင့်ကောင်းမယူသင့်ဘူးလို့ထင်တယ်'' လို့ပြောပါတယ်။

 

ယွန်းယွန်းက အခုလက်ရှိမှာ အသက် ၁၈ နှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီနောက် ကျွန်မနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့လည်း ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ ဆယ်ကျော်သက်အရွယ်သာရှိသေးတာကြောင့် သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာကိုပဲ ရွေးချယ် ရိုက်ကူးသွားမယ်လု့ိDuwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က