ဇန်နဝါရီလ ၅ ရက်နေ့က ပြည့်သွားခဲ့တာပါတဲ့။

ယွန်းယွန်းတစ်ယောက် သူ့ကို ချစ်တဲ့ ပရိသတ် ၆ သိန်းကို ပိုင်ဆိုင်ခွင့်ရလိုက်တာကြောင့် ဝမ်းသာပီတိဖြစ်လို့ နေပါတယ်. သူမ ကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်ကတည်းက အားပေးလာကြတဲ့ ပရိသတ်တွေ အများကြီးပါ.

Photo: ZM



ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးလေး ယွန်းယွန်းက ဇန်နဝါရီလ ၅ ရက်နေ့ မှာပဲ သူ့ကို ချစ်တဲ့ ပရိသတ် ၆ သိန်းကို ပိုင်ဆိုင်သွားပြီလို့ သိရပါတယ်. ဒီ့အတွက်လည်း ဝမ်းသာပီတိဖြစ်လို့ နေပါတယ်.

'' 600,000 followers!!! Woahh.. thank you so much '' ဆိုပြီးတော့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ယွန်းယွန်းကို ချစ်တဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဘယ်လောက်ထိ ချစ်တယ် ဆိုတာ တွေကိုလည်း ပြောပြထားကြပါသေးတယ်.

Photo: ZM

ယွန်းယွန်းကတော့ သူ့ကိုဝန်းရံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ဒီအချစ်တွေအပေါ် အခွင့်အရေးမယူဘူးလို့လည်းသူကဆိုပါတယ်။

''ဝန်းရံပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ သမီးဒီ့ထက်ပိုပြီးတော့ လိမ်လိမ်မာမာနေပါ့မယ်၊ လိမ်လိမ် မာမာနေတယ်ဆိုတာကလည်း ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေဆိုရင် ဘယ်လိုပဲမြင်မြင်ချစ်နေကြတာပဲလေ။ ငါဘယ်လိုနေနေ ချစ်နေကြတာပဲ ဆိုပြီးတော့လည်း အခွင့်ကောင်းမယူသင့်ဘူးလို့ထင်တယ်'' လို့ပြောပါတယ်။

Photo:ZM

ကလေးသရုပ်ဆောင်အရွယ်ကတည်းက ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီယွန်းယွန်းဟာ အရွယ်ရောက်လာပြီး တဲ့နောက် ပိုပြီးလှလာတာကို တွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ငယ်ငယ်တုန်းကထက် ပိုပြီး ချစ်ခင်အားပေးလာတာဖြစ်ပါတယ်။ အရင်ထက်ပိုပြီးလှပနေတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း Duwun media ကနေပြောပြခဲ့ပါတယ်။

'' အရွယ်ပြောင်းသွားလို့လည်း အမြင်ပြောင်းသွားတာဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို လှဖို့လည်း ဘာမှမလုပ်ဖြစ်ဘူး Gym လည်းမသွားဖြစ်ဘူး။ အစားဆိုရင်လည်း စားချင်တာရှိရင် စားလိုက်တယ်။ Skin Care တွေကိုလည်း အချိန်အများကြီးပေးပြီးတော့ လုပ်ရမှာပျင်းတော့ နေချင်သလို နေတဲ့ ကလေးထဲမှာ ပါတယ်'' လို့ ဆိုပါတယ်။

Photo: Amazing Grace

ယွန်းယွန်းက အခုလက်ရှိမှာ အသက် ၁၈ နှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီနောက် ''တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ'' ရုပ်ရှင်ဇာတ်ကားနဲ့လည်း ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ ဆယ်ကျော်သက်အရွယ်သာရှိသေးတာကြောင့် သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာကိုပဲ ရွေးချယ် ရိုက်ကူးသွားမယ်လု့ိDuwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က