ပရိသတ်တွေ အထင်မှားနေကြတဲ့ Stand By Me သီချင်း MTV ထဲမှာ မင်းသားချောလေး စိုင်းတွမ်ခမ် ဟာ မိတ်ကပ် မထက် ရဲ့ ချစ်သူကောင် လေး မဟုတ်တဲ့အကြောင်း မထက်ကိုယ်တိုင်က တရားဝင်ပြောပြလိုက်ပါပြီ။ ပရိသတ်တွေကလည်း တကယ့် ချစ်သူတွေလားဆိုတာကို အမျိုးမျိုးထင်ကြေးပေးနေ ကြတာဖြစ်ပါတယ်။
Photo: Ma Htet Facebook
ပရိသတ်တွေ အထင်မှားနေကြတဲ့ Stand By Me သီချင်း MTV ထဲမှာ မင်းသား ချောလေး စိုင်းတွမ်ခမ် ဟာ မိတ်ကပ် မထက်ရဲ့ ချစ်သူကောင် လေး မဟုတ်တဲ့အကြောင်း မထက်ကိုယ်တိုင်က တရားဝင်ပြောပြလိုက်ပါပြီ။ စိတ်ဝင်တစား ကြည့်ရှုပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး တင်တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။
''နီနီ့ သီချင်းMTVမှာ အမနဲ့အတွဲအဖြစ် သရုပ်ဆောင်ထားတာ အမရဲ့ ရည်းစားကောင်လေး မဟုတ်ပါဘူး။ အဲ့နေ့ရိုက်ကွင်းရောက်မှ မြင်ဖူး တာပါ။ နံမည်တောင် အိမ်ပြန်တဲ့လမ်းရောက်မှ မေးကြည့်ရတယ်။ ခဏဘဲရိုက်ရတော့ အချိန်မကြာတော့သေချာမိတ်မဆက်လိုက်ရပါဘူး'' ဆိုတာကို သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Ni Ni Facebook
မထက်ဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကိုပွင့်ပွင့်လင်းလင်း ကြေညာထားသူ တစ်ဦးပါ။ Stand By Me သီချင်း MTV ကို သြဂုတ်လ ၁၃ ရက်နေ့က စတင်မိတ်ဆက်ပေးလိုက် ချိန်မှာပဲမထက်နဲ့ စိုင်းတွမ်ခမ် တို့က အပြင်မှာ တကယ့်ချစ်သူတွေလားဆိုတာကို ပရိသတ်တွေက အမျိုးမျိုးထင်ကြေးပေးနေ ကြတာဖြစ်ပါတယ်။
''ယူတို့ထင်သလို့ မ ရည်းစားမဟုတ်သလို မ ရည်းစားကလည်း အမကိုလူကြားထဲ တွဲခေါ်ထွက်ရဲဖို့လည်း မဖြစ်နိုင်ပါဘူးကွယ်။ စိတ်ဝင်တစား ကြည့့်ပေး ချစ်ပေး ခင်ပေးကြလို့ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ အမဘဝကလေ သူများတွေထင်သလောက် ပျော်စရာ မကောင်းပါဘူး'' လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။
Photo: Ma Htet Facebook
ချစ်ခြင်းအားလုံးကို ကိုယ်စားပြုတဲ့ Stand By Me သီချင်း
မထက်ရဲ့ အချစ်ရေးဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ချစ်သူသက်တမ်း ၅ နှစ်ပြည့်ခဲ့ပြီးပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးကလည်း အဆင်ပြေတယ်၊ နားလည်မှုနဲ့ ရှေ့ဆက်တယ်။ ပျော်ဖို့လည်းကောင်းတယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Ma Htet Facebook
အချစ်ရေးမှာ ရေရှည်လက်တွဲသွားချင်တာကြောင့်လည်း ချစ်သူကို ထုတ်မပြသေးတာလို့ မထက်က ပြောပါတယ်။ ချစ်သူကို ထုတ်ပြလိုက်ရင် ကွဲတာမြန်မှာကို စိုးရိမ်စိတ်ရှိတယ်လို့လည်း ဆိုပါတယ်။ အချိန်တန်ရင်တော့ ပရိသတ်တွေကို အရင်ဆုံးအသိပေးသွားမယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ မထက်ဟာ လက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်နေသူတစ်ယောက်ပါ။