သွန်းဆက်က သူငယ်ချင်းတွေ နဲ့ အတူတူ အလှူအတန်းတွေ လုပ်ခဲ့ရတာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်. သူမဟာ လမ်းဘေးမှာ ပန်းရောင်းနေရတဲ့ ကလေးတွေ. အိမ်ခြေရာမဲ့ တွေနဲ့ စည်ပင်လုပ်သားတွေကို အာဟာရဒါနပြုခဲ့တယ်လို့ ဆိုပါတယ်.
Photo: သွန်းဆက်
သွန်းဆက်က သူငယ်ချင်းတွေ နဲ့ အတူတူ ခရစ္စမတ်ညလေးမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်. ပန်းရောင်းတဲ့ ကလေးတွေရော. စည်ပင်လုပ်သားတွေ အပြင် တခြား အိမ်ခြေရာမဲ့ တွေကိုလည်း အလှူတွေ လုပ်ခဲ့တယ်လို့ သူကပြောပါတယ်.
'' ခရစ်စမတ်ညလေး မှာ သွန်းဆက်တို့သူငယ်ချင်းတွေစုပီးတော့ အလှူဒါနလေး တခုလုပ်ဖြစ်ကြပါတယ်.. မီးပွိုင့်က ပန်းရောင်းတဲ့ကလေးလေးတွေရယ်.Homeless တွေရယ်. စည်ပင် ကလုပ်သားတွေရယ် တို့ကို အဝတ်အစားတွေရယ် ခေါက်ဆွဲကြော် / ကြာဇံကြော် / ထမင်းကြော်ရယ် တမြို့လုံးလိုက်ရှာပီး လှူဒါန်းခဲ့ကြပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ.
Photo: သွန်းဆက်
အဲ့ဒီနောက် သွန်းဆက်က သူ လှူခဲ့တဲ့ အလှူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်. သူမရဲ့ လှူဒါန်းမှုတွေ အပေါ် ဆုတောင်းတွေ ပြန်လည် မျှ ဝေပေးခဲ့တာကြောင့်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်.
''သူတို့လေးတွေကို လှူပီးသွားရင် ပန်းရောင်းတဲ့ခလေးတွေရော လူကြီးတွေရော က ဆုတွေ အများကြီးပြန်ပေးကြတယ်.သူတို့ ဆုပေးတဲ့အချိန် ဆို ရင် ထဲမှာ တမျိုးလေး ပဲ ပီတိဖြစ်ပီး ကြည်နူးရတယ်.လိုက်ပါ ဝင် လှူဒါန်းခွင့်ပေးတဲ့သယ်ရင်းတွေကိုလဲကျေးဇူးတင်ပါတယ်ရှင်?အရမ်းကြည်နူး ပီတိ ဖြစ် ရတဲ့ အလှူဒါနလေးပါ ''လို့ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်.
Photo: သွန်းဆက်
အရင်တုန်းကတော့ အသည်းကွဲသွားတဲ့ သွန်းဆက်ဆိုပြီး နာမည်ကြီးသွားတဲ့ သွန်းဆက်ရဲ့ အချစ်ရေးက လက်ရှိမှာ အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကိုလည်း သူမအတွက် သေချာတဲ့ ဘဝလက်တွဲဖော် တွေ့ပြီဆိုရင် Public ကို ချပြမှာ ဖြစ်သလို ပရိသတ်တွေကို ပြောပြသွားမှာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။