မိုးကောင်းကင်အိပ်မက် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာနဲ့ အောင်မြင်မှုရရှိနေ ပိုးကြာဖြူခင်ကို ပရိသတ် သတိထား မိစေခဲ့တာကတော့ သူ့ရဲ့ ဆံပင်အရှည်လေးဖြစ်ပါတယ်။ ဒီဆံပင်အရှည်လေး ရဖို့ ဘယ်လောက် အခက်အခဲတွေ ရှိခဲ့တယ်ဆိုတာ ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။
မိုးကောင်းကင်အိပ်မက် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာနဲ့ အောင်မြင်မှုရရှိနေ ပိုးကြာဖြူခင်ကို ပရိသတ်တွေက ချစ်ကြ ပါတယ်။ ဒါကြောင့်လည်း သူ့အလှကို နန်းဆန်တယ်လို့ ပရိသတ်တွေပြောထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ် သတိထားမိစေခဲ့တဲ့ သူ့ရဲ့ ဆံပင်အရှည် အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
'' ဆံပင်ကတော့ ညီမ ရိုက်နေတဲ့ ဇာတ်လမ်းတွဲအပေါ် မူတည်ပြီးတော့ ဆံပင်အရှည်ထားဖြစ်တယ်။ ညီမရဲ့ ဆံပင်တွေကို အရင်တုန်းက အ ရောင် တွေဆိုးတယ်၊ အရောင်တွေ ချွတ်ခဲ့ဖူးတယ်။ ပြီးတော့ အသက် ၂၅ နှစ်ဝန်းကျင်ဖြစ်တဲ့ အချိန်မှာ အဲ့ဒါမျိုးတွေကို ညီမ မကြိုက်တော့ ဘူး ပေါ့နော်။ တည်ငြိမ်သူဖြစ်သွားတာပေါ့။ ဆံပင်အနက်ရောင် ရှည်ရှည်လေးတွေကို ညီမ အရမ်းသဘောကျတယ်'' လို့ ဆိုပါတယ်။
Photo: Poe Kyar Phyu Khin FB
ပိုးကြာဖြူခင်ဟာ ဆံပင်အရှည်ထားရတာကိုတော့ အရင်ကတည်းက ဝါသနာပါသူပါတဲ့။ လူငယ်တစ်ယောက်ပီပီ ဆံပင်အရောင်တွေလည်း စုံအောင် ဆေးဆိုးခဲ့ဖူးတယ်လို့ ပြောပါတယ်။ အခုချိန်ထိလည်း ဆံပင်ဆေးဆိုးချင်တဲ့ စိတ်က တားလို့မရသေးတဲ့ အမှတ်တရတွေကို သြဂုတ် လ ၁၇ ရက်နေ့က RENE Fashion ဆိုင်သစ်ဖွင့်ပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။
'' ငယ်ငယ်လေးကတည်းကလည်း ဆံပင်ဆိုရင် အရမ်းရှည်ချင်တယ်။ ပြီးတော့ ကိုယ့်စိတ်ကူးထဲမှာ ဆံပင်ဆိုးဖို့ကို အရမ်းစဉ်းစားတယ်။ သူများ တွေကို ကြည့်ပြီး အရောင်ဆိုးလိုက်ရင် ငါ လန်းများ လန်းသွားမလားလို့။ ဒါပေမယ့် ဆိုးမယ်လို့ စဉ်းစားလိုက်တိုင်းမှာလေ အမြဲတမ်း အိမ်ပြန် လာရတယ် ဆံပင်လေးကို သနားလို့ မဆိုးဖြစ်ဘူး။ ကိုယ့်စိတ်ကြိုက် ပုံစံတွေကိုလည်း လုပ်ခဲ့ပြီးပြီလေ'' လို့ သူကဆိုပါတယ်။
Photo: Poe Kyar Phyu Khin FB
ပရိသတ်အားပေးမှုပိုရတဲ့ ဇာတ်လမ်းတွဲကို ပြောလာတဲ့ ပိုးကြာဖြူခင်
ပိုးကြာဖြူခင်ဟာ ဝင်္ကဘာစံအိမ် ရုပ်သံဇာတ်လမ်းတွဲကနေ စပြီး ပရိသတ်အားပေးမှု ရရှိလာတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ စတင်ရိုက် ကူး ချိန်က စပြီး ဒီနေ့ အချိန်ထိ ဆံပင်အနက်ရောင်ပဲ ထားဖြစ်တဲ့ အကြောင်းကိုလည်း သဘောကျ ရယ်မောရင်း ပြောပြလာပါတယ်။
'' ဝင်္ကဘာစံအိမ် ဇာတ်လမ်းတွဲရိုက်မယ်ဆိုတော့ ဆံပင်က အနက်ဆိုးမှရမယ်ဆိုတော့ ဆေးဆိုးရင်း ဆိုးရင်းနဲ့ ၂၀၁၄ ကနေ အခု ၂၀၁၈ အထိ ပေါ့နော်။ တကယ်တော့ ဆံပင်တွေက ပျက်စီးနေပါပြီ။ ရှည်လာတဲ့ အချိန်မှာ ညှပ်ရင်း ညှပ်ရင်းနဲ့ အခုဆိုရင် ဆံပင်က သဘာဝအတိုင်းပြန်ဖြစ် သွားတာပါ'' လို့ သူကပြောပါတယ်။
Photo: Poe Kyar Phyu Khin FB
ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။