စိုးပရိသတ်လေးတွေ လျှောက်ဖို့ သတင်းကောင်းပါးလိုက်တယ်နော်။

မကြာခင် ဖွင့်လှစ်တော့မယ့် စိုးပြည့်သဇင်တို့ ညီအစ်မတွေရဲ့ ပိုးထည်တိုက်အတွက် ဝန်ထမ်းအသစ်တွေ ခေါ်ယူလို့နေပါတယ်။ စိုးရဲ့ပရိသတ် တွေ သွားလျှောက်လို့ရအောင် သတင်းပေးလိုက်တယ်နော်။

Photo : စိုးပြည့်သဇင် FB

 

မကြာခင် ဖွင့်လှစ်တော့မယ့် စိုးပြည့်သဇင်တို့ ညီအစ်မတွေရဲ့ ပိုးထည်တိုက်အတွက် ဝန်ထမ်းအသစ်တွေ ခေါ်ယူလို့နေပါတယ်။ စာရင်းကိုင်နဲ့ အရောင်းဝန်ထမ်းတွေ အလိုရှိတယ်ဆိုပြီး စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ကြေညာထားတာတွေ့ရပါတယ်။

"မကြာမီဖွင့်လှစ်တော့မည် ပိုးထည်တိုက်အတွက် စာရင်းကိုင် ၊အရောင်းဝန်ထမ်းများအလိုရှိပါသည် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါအချက်အလက်များအတိုင်း လာရောက်လျှောက်ထားနိုင်ပါသည်။ အသက်၂၀မှ၃၀ အတွင်း ဆယ်တန်းအောင် (အထည်အရောင်း အတွေ့အကြုံရှိသူပိုဦးစားပေးမည်) လာရောက်လျှောက်ထားမည့်သူများအနေဖြင့်CV form အား စက်တင်ဘာ၅ရက် နောက်ဆုံးထားပြီး အမှတ်(၅၄၅)ဝိဇ္ဇာလမ်းသွယ် ကိုးမိုင် မရမ်းကုန်းမြို့နယ် ၅ရပ်ကွက်သို့ပေးပို့လျှောက်ထားနိုင်ပါသည်" ဆိုပြီး စိုးပြည့်ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၉)ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

ချစ်ရတဲ့သူတွေရဲ့ မွေးနေ့ Surprise ကြောင့် ပျော်ခဲ့ရတဲ့ စန္ဒီမြင့်လွင် 

စိုးပြည့်သဇင်ရဲ့ ပရိသတ်တွေကတော့ဆိုင်မှာ ဝန်ထမ်းလာလျှောက်ဖို့ အတွက် ဝန်ထမ်းခေါ်တဲ့ပို့စ်အောက်မှာ ပြောထားကြပါသေးတယ်။ ပိုးထည်ဆိုင်အတွက် နာမည်ကိုလည်း မကြီးစိုးက ပေးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက်ကိုလည်းညီအစ်မတွေ လုံးဝကို တက်တက်ကြွကြွနဲ့ အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် လောက မှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီ အစ်မ ၄ ယောက် ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ ဖူးပါ တယ်။

'' ဒီးဒီကလည်း ကတုံးနဲ့ဆိုတော့ ကာရိုက်တာ တစ်ခုရမယ်ဆိုတော့ တကယ်လည်းရိုက်ချင်တယ်။ ရုပ်ရှင်ပြန်ရိုက်ချင်တဲ့ စိတ်ရှိပါတယ်။ ညီအစ်မတွေချည်းပဲ ရိုက်ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ ရူတင်မှာဆိုလည်း ကိုယ်တွေအမျိုးတွေချည်းပဲဖြစ်နေမှာပေါ့'' လို့ ဆိုပါတယ်။အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ် ပါတယ်။ သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

Share

Loading Next Article...
က္က