Photo : နှိုင်းယှဉ်မြင့်မိုရ်
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် သူမကိုင်တိုင် ဖုန်းလေး ပျက်သွားလို့ စိတ်မကောင်းဖြစ်နေချိန်မှာ ပိုင်ဖြိုးသုရဲ့ စကားတစ်ခွန်းကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ပိုင်ဖြိုးသုဟာ နှိုင်းယှဉ်အတွက် အသစ်တစ်လုံးကို လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။
“မနက်က စာဝင်လာတယ် မကြီးဖုန်းပျက်သွားလို့ဆို' ဆိုပြီး oppo F9 လာယူနော်တဲ့...တစ်ခါကလည်း လူဆိုးကားရိုက်မလို့ လည်သာတွေရှာေ နတာသိတော့ အိမ်မှာလာယူ သမီးထုတ်ထားမယ်တဲ့ သူတပါးကိုပေးကမ်းတာ သူတပါးဒုက္ခရောက်ရင်ကူညီတတ်တာ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘူး။သူ့ ဝမ်းတွင်းထဲကကိုပါလာကြတာ သုသုရေ ဒီ့ထက်မက အောင်မြင်မှု့တွေ စိတ်ချမ်းသာမှု့တွေ ဆက်တိုက်လာပါစေ...လူတိုင်းအပေါ် စေတနာလွန်ကဲတတ်သောညမလေး တူသောအကျိူ းတွေပေးပါစေ” ဆိုပြီး နှိုင်းယှဉ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၁) ရက်နေ့က ရေးသားထားတာပါ။
Photo : နှိုင်းယှဉ်မြင့်မိုရ်
စေတနာကောင်းလွန်းလှတဲ့ ပိုင်ဖြိုးသုလေးရဲ့ စိတ်ဓာတ်ကိုုလည်း ပရိသတ်တွေက ချီးကျူးစကား ဆိုထားကြပါတယ်။ ပိုင်ဖြိုးသုဟာ ၂၀၁၈ခုနှစ်အတွက် ပေးအပ်မယ့် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြား ရေပန်းစာနေသူ စာရင်းထဲမှာ ပါဝင်လို့နေပါတယ်။ သူမကို မီရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရစေချင်ကြတာ ဖြစ်ပါတယ်။
Photo :ပိုင်ဖြိုးသု
ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကိုဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွားချိန်မှာတော့အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပိုင်ဖြိုးသုက ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားဇဏ်ခီနဲ့အတူ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။