leaks တွေ မှန်နေပါတယ်။

     ပုံမှန်အားဖြင့် ဖုန်းသစ် မိတ်မဆက်မချင်း အဲဒီဖုန်းရဲ့ ဒီဇိုင်းကို ဘယ်စမတ်ဖုန်းကုမ္ပဏီကမှ မထုတ်ပြန်ပေမယ့် Google ကတော့ အံ့သြစရာကောင်းတဲ့ အကွက်တွေ သုံးသွားပါတယ်။


         အောက်တိုဘာလဆန်းပိုင်းလောက် မိတ်ဆက်မယ်လို့ယူဆရတဲ့ Google Pixel 4 ရဲ့ ဒီဇိုင်းအကြောင်းကို OnLeaks နဲ့Pricebaba တို့မှာ အရင်ဆုံး သတင်းပေါက်ကြားခဲ့တာပါ။ OnLeaks မှာကတည်းက Google Pixel 4 ဟာ Huawei Mate 20 Pro ရဲ့ ကျောဘက်ကင်မရာပုံစံလိုမျိုး Square Camera Setup သုံးမယ်လို့ဖော်ပြခဲ့ပါတယ်။ ဘယ်အပေါ်ဘေးကပ် Square Camera ပုံစံဟာ တကယ်ပဲ Google Pixel 4 ဖုန်းတွေမှာ သုံးမယ့် ဒီဇိုင်းလို့Google ရဲ့ တရားဝင် Twitter အကောင့် Made by Google မှာ ပြထားပါတယ်။



Photo: The Verge

         Google Twitter ဟာ OnLeaks မှာ ထွက်ထားတဲ့ ဒီဇိုင်းအတိုင်း ဖြစ်ပြီး ဒီစတုရန်းကင်မရာကွက်ထဲမှာ ကင်မရာမှန်ဘီလူး ၂ ခု ဒါမှမဟုတ် ၃ ခု သုံးသွားဖို့ရှိပါတယ်။ Google ကနေ အတည်ပြုထားတဲ့ Pixel 4 ဒီဇိုင်းမှာလည်း ကျောဘက် fingerprint scanner မပါတာကြောင့် OnLeaks မှာ ပြောခဲ့သလို in-display fingerprint စနစ် နဲ့လာမယ်လို့ယူဆရပါတယ်။ ရှေ့ခြမ်း ီဇိုင်းကိုတော့ Google အနေနဲ့ဖော်ပြမထားပေမယ့် ရှေ့ဘက်မှာ FaceID လိုမျိုး မျက်နှာပြင်ဖတ်စနစ်သုံးနိုင်မယ့် ကင်မရာတွေ ပါဖို့ရှိပါပတယ်။

         

         ပြောရရင် Google ရဲ့ စတုတ္ထမျိုးဆက် Pixel ဖုန်းတွေဟာ အရင်လို ကင်မရာနဲ့performance ပိုင်းတင် Focus ထားတာ မဟုတ်ဘဲ ဒီဇိုင်းပိုင်းမှာလည်း အသွင်သစ်ကို ဆောင်လာမယ့် သဘောဖြစ်ပါတယ်။ တကယ်လို့OnLeaks ကနေ ပေါက်ကြားမှုတွေသာ မှန်ခဲ့မယ်ဆိုရင် ကျောဘက်ကင်မရာ တွေထဲမှာ ပင်မကင်မရာ ၊ တယ်လီကင်မရာနဲ့Super-Wide lens သုံးလုံးတွဲကို Pixel 4 XL မှာ မြင်ရဖို့ရှိပါတယ်။



         ဖုန်းရဲ့ အောက်ခြေ USB Type C port ရဲ့ ဘေးတစ်ဘက်စီမှာ စပီကာ နှစ်ခုနဲ့လာပြီး ရှေ့ခြမ်း display ဟာ notch သုံးသွားဖို့လည်း ရှိနေပါတယ်။ ၂၀၁၉ ထွက် High-end ဖုန်း ဖြစ်တဲ့ အတိုင်း Snapdragon 855 SOC ၊ Android 10 Q နဲ့Wireless charging သုံးနိုင်မယ့် Glass Body ကိုလည်း ဒီဖုန်းမှာ မြင်ရမှာပါ။ ဘက်ထရီပါဝါလည်း အရင်ကထက် ပိုကြီးလာပြီး IP68 rating နဲ့အမြင့်ဆုံး ရေစိုခံဖုန်းတွေ ဖြစ်ဖို့ရှိပါတယ်။

         လောလောဆယ်မှာတော့ Google Pixel 4 ဖုန်းသစ်တွေ မိတ်ဆက်ဖို့နောက်ထပ် ၄ လလောက် လိုနေတာ ဖြစ်လို့သတင်းအသစ်တွေ ကြားရဖို့စောင့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က