အစိုးရကို တိုက်တွန်းတဲ့အဆိုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်

ပလပ်စတစ်သုံးစွဲမှု လျော့ပါးရေးအစီအမံ ဆောင်ရွက်ဖို့အတွက် တိုင်းလွှတ်တော်က အတည်ပြုခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

ရန်ကုန်မြို့လယ်အတွင်းရှိ စွန့်ပစ်အမှိုက်ပုံတစ်နေရာအားတွေ့ရစဉ် (photo-straitimes)



မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့တော်ဟာ ပလပ်စတစ်သုံးစွဲမှု အများဆုံးဖြစ်နေပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ သဘာဝပါတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုကြီးမားလာတဲ့ ပလပ်စတစ်သုံးစွဲမှု လျော့ပါးစေရေး စီမံဆောင်ရွက်ဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အဆိုတင်သွင်းခဲ့တာဖြစ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက အဆိုကို ထောက်ခံဆွေးနွေးအပြီးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ ရန်ကုန်ရဲ့ နေ့စဉ် ပလပ်စတစ်အမှိုက်တွေကို ပြန်သုံးဖို့၊ နောက်ပြီး အသုံးပြုတာကိုလျှော့ချဖို့ လုပ်ဆောင်မယ်ဆိုတဲ့အတွက် ဒါက တကယ့်ကိုကောင်းတဲ့လုပ်ရပ်ပါ။ ပလပ်စတစ်အသုံးပြုတာက မကောင်းတာကို သိတဲ့သူတွေက သိလို့ လျှော့သုံးကြတာတွေရှိသလို များသောအားဖြင့် ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ရန်ကုန်ရဲ့ တချို့နေရာ၊ တချို့ရပ်ကွက်တွေမှာ ပလပ်စတစ်အသုံးပြုမှုက တကယ့်ကို ကြောက်ဖို့ ကောင်းလောက်အောင်ကို များနေတာပါ။ အိတ်ကို တစ်ထပ်တည်းသုံးလို့ ရတဲ့နေရာတွေမှာ နှစ်ထပ်သုံးထပ် သုံးတာတွေရှိတယ်။ လွယ်လွယ်ကူကူ သုံးကြတယ်” လို့ ရန်ကုန်မှာ ပလပ်စတစ်လျှော့ချသုံးစွဲနေတဲ့ အိမ်ရှင်မတစ်ဦးဖြစ်သူ မရတနာက Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအရ စွန့်ပစ်အမှိုက်တန်ချိန်ပေါင်း ၂၀၀ ကို နေ့စဉ်စွန့်ပစ်နေတာဖြစ်ပြီးတော့ ပြန်လည်သုုံးစွဲလို့ရအောင် ပြုပြင်တာနဲ့ သုံးစွဲမှုလျော့ချတာက နည်းပါးနေပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က