လူဦးရေသိန်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆူပူအုံကြွ ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် အဆိုပါ ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ပြီလို့ သိရပါတယ်။

(ကာရီလမ်က ဥပဒေမူကြမ်းကို ဆိုင်းငံ့ကြောင်း ကြေညာစဉ်) (Photo: AFP)

ဇွန်လ ၉ ရက်နေ့မှစပြီး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ကာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် ဥပဒေမူကြမ်းကို ဆိုင်းငံ့ထားလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးကာရီလမ်က ယနေ့ (ဇွန် ၁၅ ရက်) ကြေညာပါတယ်။ အစောပိုင်းမှာတော့ ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာသည့်တိုင် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ကာရီလမ်က ပြောထားခဲ့တာဖြစ်ပါတယ်။



(ဆန္ဒပြမှုမြင်ကွင်းတစ်ခု) (Photo: AFP)

ဟောင်ကောင်အစိုးရက အတည်ပြု ပြဌာန်းရန်ပြင်ဆင်နေတဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဇွန်လ ၉ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် စတင်ပေါ်ပေါက်လာခဲ့ပြီး လူဦးရေတစ်သန်းအထိ ပါဝင်ခဲ့ကြတယ်လို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ထိုနေ့က ဆန္ဒပြပွဲမှာ လူဦးရေ ၂၄၀,၀၀၀ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

ထို့နောက် ယခုသီတင်းပတ်အတွင်းမှာလည်း တရုတ်ပြည်မကြီး အပါအဝင် အခြား နိုင်ငံများထံ တရားခံလွှဲပြောင်းပေးနိုင်တဲ့ အဆိုပါ ဥပဒေမူကြမ်းကို ဆက်လက် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကာ လူ ၇၂ ဦးထက်နည်း ဒဏ်ရာရခဲ့ပါတယ်။ နောက်ထပ် အကြီးအကျယ် ဆန္ဒပြပွဲကိုလည်း ဇွန်လ ၁၆ ရက်မှာ ပြုလုပ်သွားရန် စီစဉ်ထားခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။

(အဓိကရုဏ်းမြင်ကွင်းတစ်ခု) (Photo: Reuters)

တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် သောကြာနေ့ (ဇွန် ၁၄ ရက်) ညပိုင်းမှာတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သူမရဲ့ အကြံပေးအရာရှိများနဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း ယနေ့ ကြေညာခဲ့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က