သြဂုတ်လ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် ဇဏ်ခီရဲ့ မွေးနေ့မှာ ဇနီးဖြစ်တဲ့ ခရစ္စတီးနားခီက အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါ တယ်။ သူတို့ မိသားစုလေးကတော့ ပရိသတ်တွေရဲ့ အားကျအတုယူစရာကောင်းတဲ့ မိသားစုလေး ဖြစ်ခဲ့ ပါတယ်။
photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
သြဂုတ်လ ၂၅ ရက်နေ့ ဒီနေ့ကတော့ သရုပ်ဆောင် ဇဏ်ခီရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အမှတ်တရအဖြစ် ချစ်ဇနီးချောလေး ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ချစ်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းကို ရေးသားခဲ့ပါတယ်။ ခင်ပွန်းကိုလည်း မွေးနေ့မှ မဟုတ်ပဲ နေ့တိုင်း ဆုတောင်းပေးဖြစ်တဲ့အကြောင်း ပြောပြထားပါသေးတယ်။
'' Happy Birthday par Honey yay! လိုချင်တာတွေမြိုသိပ်ရတာများလာတော့ ဘာလိုချင်မှန်းမသိသူနဲ့ မပေးနိုင်တာများလာတော့ ဘာပေး ရမှန်းမသိတော့သောသူ ၂ယောက်အတွက် နေမကောင်းဖြစ်နေတဲ့သားကပဲ ဘဝဆိုတာဒီလိုပါပဲဆိုပြီး နောက်ထပ်ခရီးဆက်ဖို့ ဖြစ်လာမယ် ထင်ပါတယ်အထူးတလည် ဘာမှမဆုတောင်းပေးတော့ဘူးနော်၊ နေ့တိုင်းတောင်းတဲ့ဆုထဲမှာပါပြီးသားမို့လေ I love you more than you know par'' ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။
ဇဏ်ခီ့ကို တိုက်ခိုက်ခဲ့သူတွေအကြောင်း ပြောလာတဲ့ ခရစ္စတီးနားခီ
ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။ အနုပညာ လောကမှာ ပရိသတ်တွေရဲ့ အချစ်ကို အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ရဲ့ မိသားစုလေးက တော့ မြင်ရသူ ပရိသတ်တိုင်း အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။
photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။