ပိုင်ဖြိုးသုတစ်ယောက် ခင်ပွန်းဆီက ရိုမန့်တစ်ဆန်တဲ့ လက်ဆောင်လေး ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ဇန်နဝါရီလ အတွင်းက လက်ထပ်ခဲ့ကြတာပါ။
Photo: ပိုင်ဖြိုးသု
ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးဆီက Valentine’s Day လက်ဆောင်လေးရလို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အိမ်ထောင်ကျပြီးမှ ရိုမန့်တစ်ဆန်ဆန်လေးတွေ လုပ်ပေးလာတယ်လို့ ဆိုပါတယ်။
‘’ ဒီတစ်ခါတော့ ကိုယ်လိုချင်နေတာလေး ကွက်တိ၊ အိမ်ထောင်ကျပြီးမှ ရုတ်တရက် Ro လာသူကြီး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ Facebook Story မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ရိုမန့်တစ်ဆန်တဲ့ ညစာစားဖို့ ပြင်ဆင်နေတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး ပုံကိုလည်း တင်ခဲ့ပါတယ်။
Photo: ပိုင်ဖြိုးသု
ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။
မင်္ဂလာဦးအလှူကို ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
Photo: ပိုင်ဖြိုးသု
ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကိုဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွားချိန်မှာတော့အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာခဲ့တာဖြစ်ပါတယ်။
Photo: Amazing Grace
အဲ့ဒီနောက် ပိုင်ဖြိုးသုက ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသား ဇဏ်ခီ နဲ့ အတူ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။