ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း အနှစ် ၂၀ ပြည့်ပါပြီ။

စမိုင်းလ် ဟာ မင်္ဂလာသက်တမ်း အနှစ် ၂၀ ပြည့်မှာ ခင်ပွန်းဖြစ်သူ လုပ်ပေးတဲ့ Surprise ကြောင့် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၁၉၉၉ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Photo: စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း အနှစ် ၂၀ ပြည့်ပြီဖြစ်ပါတယ်။ ကိုပြည့်မောင် ဟာ ဇနီးချောလေးကို Surprise လုပ်ဖို့အတွက် အိမ်တစ်အိမ်လုံးကို နေကြာပန်းတွေနဲ့ အလှဆင်ခဲ့တာကို တွေ့ရပါတယ်။

‘’Surprise Anniversary Present’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်စောစော ၁၂ နာရီ ၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေကြာပန်းတွေ ကြားမှာ ပျော်ရွှင်နေတဲ့ စမိုင်းလ်ရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ စမိုင်းလ် တို့ ဇနီးမောင်နှံကို အားကျနေကြတဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဂုဏ်ပြုစကားတွေ ပြောပြခဲ့ပါတယ်။

Photo: စမိုင်းလ်

ကိုပြည့်မောင်နဲ့ စမိုင်းလ် တို့ဇနီးမောင်နှံဟာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သမီးကြီး Portia (ခ) ဆုနဒီမောင်နဲ့ သမီးငယ်လေး ဆုရတီမောင် တို့ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သမီးကြီး ဆုနဒီမောင်ကတော့ အခုဆိုရင် Modelling အလုပ်ကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo: စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

Photo: စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က