အလှမယ် ဆက်မပြိုင်တော့ပါဘူးတဲ့။

ဟန်တီက နောက်ထပ်လည်း အလှမယ် ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်. လက်ရှိမှာလည်း အနုပညာအလုပ်တွေနဲ့အတူ ပညာရေး အပိုင်းကို ဦးစားပေးသွားမယ်လို့ ပြောပါတယ်.

အလှမယ် ဟန်တီက ဒီနေ့(ဒီဇင်ဘာလ ၁၂) ရက်နေ့ မနက်မှာပဲ Miss World ပြိုင်ပွဲကြီး ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်. သူမအနေနဲ့ နောက်ထပ် ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက်လည်း အစီအစဉ်မရှိတော့သလို ပညာရေးအပိုင်းကိုပဲ အဓိက ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်. ဟန်တီက အခုလက်ရှိမှာ International Business Management (ဒုတိယနှစ်) ကို တက်ရောက်နေတာဖြစ်ပါတယ်.



'' အခုလည်း အရမ်းကို ပင်ပန်းနေပြီ. အရမ်းလည်း ကြိုးစားထားပါတယ်. ထပ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး. ဟန်တီက အခု စာချုပ်ချုပ်ထားတာ ၃ နှစ် ကျောင်းတက်မယ်. အနုပညာအလုပ်တွေ လုပ်မယ်.အဲ့ဒါနဲ့ပဲ အချိန်ကုန်ဖြစ်မယ်ထင်တယ်. ပြီးရင် ကိုယ်တက်ထားတဲ့ ပညာနဲ့ ပညာရေးအပိုင်းကိုပဲ ဆက်သွားဖို့ စီစဉ်ထားတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ Facebook Live မှာ ပြောပြထားပါတယ်.

နိုင်ငံတကာအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Miss World 2018 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ဖိုင်နယ်ကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ညက တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်တီက Head to Head challenge winner BWAP top 25 အထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

''Because of Myanmar ချစ်ရတဲ့ မြန်မာပြည်အတွက် Head to Head challenge winner ဆု BWAP top25 ဝင်နိုင်ခဲ့ပါတယ်။ ကြိုးစားဖို့ အ များ ကြီးလိုသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်ရှင့်။ အားပေးခဲ့ကြတဲ့ ချစ်ရတဲ့သူများ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်! ဆက်လက် အားပေးကြပါဦးနော်! ၁၂ရက်နေ့မှ ရန်ကုန်ပြန်လာမှာဖြစ်ပါတယ်။ ပြန်လာချင်နေပြီ! သတိရနေပြီ'' ဆိုပြီးတော့လည်း ဒီဇင်ဘာလ ၈ ရက်နေ့ည ၁၀ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ Miss World ဆုကိုတော့ မက္ကစီကိုနိုင်ငံက အလှမယ် Vanessa Ponce de Leon က ရရှိပိုင်ဆိုင်ခဲ့တာပါ။ First Runner Up ဆုကိုတော့ ထိုင်းနိုင်ငံရဲ့ အလှမယ်လေး Nicolene Pichapa Limsnukan က ရရှိခဲ့တာဖြစ်ပါတယ်။ Miss World 2018 ပြိုင်ပွဲကြီးကိုတော့ နိုဝင်ဘာလအတွင်းမှာကတည်းက ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့ နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo: ဟန်တီ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က