သူ့ရင်ထဲက ခံစားချက်တွေ ဖွင့်ဟ လာပါတယ်.

Single Mother ဖြစ်တဲ့ အေသင်ချိုဆွေက သတို့သမီးတစ်ယောက်ဖြစ်ခွင့်မရခဲ့တဲ့ သူ့ရဲ့ခံစားချက်တွေကို အခုလို ဖွင့်ဟလာခဲ့ပါတယ်. အဲ့ဒီနောက် သမီးလေး Ivy နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောခဲ့ပါသေးတယ်

Photo: A Thencho Swe

အေသင်ချိုဆွေက Single Mother တစ်ယောက်ဖြစ်ရတဲ့ သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်. သူမဟာ အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကို ပိုင်ဆိုင်ထားတဲ့ မေမေ တစ်ယောက်ပါ.

'' အဖြူရောင် သတို့သမီးတယောက် ဖြစ်ခွင့်မရခဲ့ပေမဲ့၊ချစ်စရာကောင်းတဲ့ single mother တစ်ယောက်ပါ။ ဒီလိုပါဘဲ ဘဝဆိုတာ ပြည့်စုံလွန်းနေရင် တခါတလေ ပျင်းဖို့ကောင်းတယ်၊ စိန်ခေါ်မှုတွေနဲ့မှ ပျော်ဖို့ကောင်းတာ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.

Photo: Aung Zaw

အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ အေသင့်ကို သမီးလေး Ivy က မျက်စိအောက်က ကို အပျောက်မခံပါဘူးတဲ့။

'' ဪ ခလေးကို မေမေ က ဘာမှ မကျွေးဘူးဆိုတော့ ကြည့်ဦး ဒီဇိုင်းကာလာအနေအထားကို စိတ်တွေလဲညစ်ပါတယ်။ တွေ့သမျှ မြင်သမျှ ပါးစပ်ထဲထည့်နေလို့ တချက်မှ အလွတ်ပေးလို့မရဘူး အမေ ကိုလဲမျက်စိအောက်ကကိုအပျောက်မခံတာယူ နော် ယူ ချစ်တယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: A Thencho Swe

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာ အလုပ် တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

Photo: Aung Zaw

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဟာ သြဂုတ်လ ၂၅ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီး လေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့ တူလွန်းတာကြောင့်လည်း ပရိ သတ်တွေက အသည်းတုန်အောင် ချစ်နေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က