ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဒီနေ့ မနက်ပိုင်းက ရွှေတိဂုံ စေတီ တော်မြတ် ကြီးမှာ သွားရောက် အဓိဌာန်ဝင် ပုတီးစိပ်ခဲ့တာကို တွေ့ရပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ တုန်းကလည်း ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်း သားတွေ နဲ့ အတူတူ ဝါဆိုသင်္ကန်းကပ်လှူခြင်းကိုလည်း ပြုလုပ်ခဲ့သေးတယ်။



Photo: Khaing Hnin Wai Fb

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဒီနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ် ကြီးမှာ သွားရောက် အဓိဌာန်ဝင် ပုတီးစိပ်ခဲ့တာကို တွေ့ရပါတယ်။ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

'' ဥပုသ်နေ့မှာ ဘုရားသွား အဓိဌာန်ဝင် ကုသိုလ်ယူ။ အားလုံးအေးချမ်းကြပါစေလို့မေတ္တာပို့သဆုတောင်းပေးပါတယ်ရှင် (ဥပုသ်စောင့်တာ မဟုတ်တဲ့အတွက် သနပ်ခါးလိမ်းထားခြင်းဖြစ်ပါတယ်ရှင်)'' ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Khaing Hnin Wai Fb

 

အဲ့ဒီနောက် ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက သြဂုတ်လ ၁၀ ရက်နေ့ တုန်းကလည်း ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်း သားတွေ နဲ့ အတူတူ ဝါဆိုသင်္ကန်းကပ်လှူခြင်းကိုလည်း ပြုလုပ်ခဲ့သေးတယ်ဆိုတာကို သြဂုတ်လ ၁၀ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ် မှာရေးသားခဲ့ပါတယ်။

'' ဒီနှစ် ဝါဆိုသင်္ကန်းကို ထိုင်းမှာ ကပ်ဖြစ်ခဲ့တယ်။ အသင်းသားတွေနဲ့တူတူ ကုသိုလ်ပြုခဲ့ရတဲ့အတွက်ပျော်ပါတယ်။ ပုံလေးတွေမသိမ်းရသေးလို့ သိမ်းတာပါရှင့်'' ဆိုပြီးတော့ ရေးသားခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ ရန်ကုန်က အသင်းသားတွေနဲ့ အတူတူ အလှူအတန်းတွေ လုပ် ဖြစ်တယ်လို့ သိရပါတယ်။

Photo: Khaing Hnin Wai Fb

မင်းသမီးလို့ မမြင်ပဲ ပရဟိတသမားလို့ မြင်ပေးပါဆိုတဲ့ ခိုင်နှင်းဝေ 

ခိုင်နှင်းဝေက ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက်လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။ သူ သွားတဲ့အချိန်မှာလည်း အသင်းသားတွေအပေါ် ခွန်အားတွေ မျှဝေခဲ့ပြီးအသင်းသားတွေဆီကလည်း  အတုယူစရာတွေလည်း ရရှိခဲ့တဲ့အကြောင့် ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြခဲ့ဖူးပါတယ်။

Photo: Khaing Hnin Wai Fb

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က