ပခုံးကျယ်တဲ့သူတွေအတွက် အရေးကြီးတာက လည်ပင်းခပ်ဝိုက်ဝိုက်၊ ခပ်ပြဲပြဲ အကျီမျိုးတွေ ရှောင်ဝတ်ရမှာပါ။

ဖက်ရှင်ကိုချစ်တဲ့ မဒီအားလုံးအတွက် ဒီတစ်ခေါက် ဘာဖက်ရှင်တွေ ခေတ်စားနေတယ်ဆိုတာမပြောသေးပဲ ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်အောင် ဘယ်လိုအဝတ်အစားလေးတွေ ရွေးချယ်ဆင်မြန်းသင့်တယ်ဆိုတာလေးဘက် တစ်လှည့်ပြန်လှည့်လိုက်ကြရအောင်ပါ။ ဘော်ဒီတွေထဲမှာမှ ပိန်တဲ့သူတွေ ဘယ်လိုဖက်ရှင်မျိုးကို ဦးစားပေးရမယ်၊ ဝတဲ့သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကဘာဆိုတာလေးတွေ ရေးသားပေးပြီးပြီ ဖြစ်တာမို့ ဒီတစ်ခေါက်တော့ ပခုံးကျယ်တဲ့မဒီတွေအတွက် ဘယ်လိုအဝတ်အစားတွေကို ဦးစားပေး ရွေးချယ်ရမယ်ဆိုတာလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဘော်ဒီပိုင်းနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးသတိထားရမှာ ခန္ဓာကိုယ်ရဲ့အားနည်း ချက်လို့ ထင်တဲ့ ဘယ်နေရာမဆို highlight ပေးထားသလို ဖြစ်မနေအောင် ဝတ်ဆင်ပြီး အခြားနေရာတွေကို အာရုံလွှဲရမယ့် သဘောကို မမေ့ကြဖို့ပါ။ ကဲ ဒါဆိုရင် ပခုံးကျယ်တဲ့မဒီတွေ အောက်က အချက်လေးတွေကို သေချာဖတ်လိုက်ကြရအောင်။



(၁) ပခုံးကျယ်တဲ့သူတွေအတွက် အရေးကြီးတာက လည်ပင်းခပ်ဝိုက်ဝိုက်၊ ခပ်ပြဲပြဲ အကျီမျိုးတွေ ရှောင်ဝတ်ရမှာပါ။ အဲ့ဒီအစား V shape လည်ပင်းတွေကို ရွေးနိုင်ပါတယ်။ ခုခေတ်စားနေတဲ့ လေးထောင့်လည်ပင်းပြဲပြဲတွေကို ဝတ်ချင်ရင်တောင် မျက်နှာလွှဲပစ်ဖို့ ပြောချင်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တာကိုသာ အမြဲစဉ်းစားပါ။

(၂)ခါးနေရာ ပေါ်လွင်စေမယ့်၊ အထူးသဖြင့် ဘော်ဒီကောက်ကြောင်း ပေါ်လွင်စေမယ့် အဝတ်အစားကို ရွေးချယ်ပြီး အာရုံလွှဲပါ။ ဒီအချက်ကတော့ အထူးပြောနေစရာလိုမယ်မထင်တော့ပါဘူး။

(၃) စကတ်တွေထဲမှာဆိုရင်တော့ tennis skirt အကားလေးတွေ က ပခုံးကျယ်တဲ့ ပျိုမေတွေ ရွေးချယ်သင့်လှပါတယ်။ နောက် အပေါ်အကျီထက် စကတ်ကိုအာရုံရောက်စေမယ့် ဒီဇိုင်းတစ်ခုခုပါတဲ့ စကတ်မျိုး ရွေးပါ။ စကတ်မှာ အတွန့်လေးတွေပါတာမျိုးလား၊ ဒါမှမဟုတ် ပွင့်ရိုက်ဒီဇိုင်းလေးက အပေါ်ပိုင်းထက် စကတ်ကိုပိုအာရုံရောက်အောင် ဆွဲဆောင်နိုင်တာမျိုးလား စသဖြင့်ပေါ့နော်။

(၄) အကျီပဲဖြစ်ဖြစ်၊ dress ဒါမှမဟုတ် jacket စတဲ့အရာတွေဆိုရင် အပေါ်ပိုင်း crop လုပ်ထားသလို ဖြစ်နေတဲ့ ဒီဇိုင်းမျိုးတွေကို ရှောင်ပြီး dress ဆိုလည်း ခါးနေရာခါး၊ လည်ပင်းမကျယ်ဘဲ အဆင်ပြေမယ့် dress မျိုးရှာပါ။ အပေါ်ထပ် အကျီအပါးလေးတွေ နဲ့ jacket စတာတွေကို လက်မောင်းနဲ့ တသားတည်း ဖြစ်တာ ရွေးရပါလိမ့်မယ်။

(၅) လက်မောင်းနေရာမှာ ဒီဇိုင်းတွေ လုပ်ထားတဲ့ အကျီ၊ dress၊ jacket စတာတွေကို မဝတ်မိပါစေနဲ့။ အဲ့ဒါတွေက ပခုံးကျယ်တာကို လူတွေပိုသိအောင် ပြလိုက်သလို ဖြစ်သွားစေတတ်လို့ပါ။ ပခုံးကျယ်ပါတယ်ဆိုမှ ပိုကျယ်သလိုကို ဖြစ်သွားစေမှာမို့ အထူးရှောင်ရမယ့်အဝတ်အစားမျိုးတွေပါ။ ဒါတင်မကသေးပါဘူး။ လက်မောင်း၊ ပခုံးနေရာတွေမှာ ဖော့ခံချုပ်ထားတာမျိုးတွေ နဲ့ အကျီလက်ဖောင်းစတာတွေကလည်း ပခုံးကျယ်တဲ့မဒီတွေအတွက် ရန်သူတွေပါပဲ။

(၆) အရောင်ရွေးချယ်မှုကတော့ ဖြစ်နိုင်ရင် အပေါ်ပိုင်းကို နည်းနည်း အရောင်ရင့် ဒါမှမဟုတ် မှောင်တာရွေးပါ။ ဒီဇိုင်းပိုင်းက အဆင်ပြေတယ် ဆိုရင်တော့ ဒီအချက်ကို ထားလိုက်ပါ။

(၇)လည်ပင်းအတိ၊ အပိတ်တွေထက် လည်တိုင်ရိုးရှင်းပြီး ပေါ်စေမယ့် အကျီမျိုးရှာဝတ်ပါ။ ကိုယ်က ပခုံးကျယ်လို့ဆိုပြီး အတင်းလည်ပင်းပိတ်တာတွေ မရွေးပါနဲ့။ ဒါကပိုဆိုးသွားစေတဲ့အချက်ပါ။

(၈)ကိုယ်က skinny jean ဝတ်တတ်တဲ့သူဆိုရင် အပေါ်က plain top လေးတွေနဲ့သာ တွဲပါ။ အရိုးဆုံးက အဆန်းဆုံးပဲ မဟုတ်လား။

ဖက်ရှင်ဆိုတာ တွဲစပ်တတ်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အပြစ်အနာအဆာတွေကိုတောင် ဖုံးပစ်နိုင်ပြီး လူတွေရဲ့အမြင်ကို ပြောင်းလဲပစ်နိုင်တာမို့ သူ့ကိုကောင်းကောင်း အသုံးချတတ်ဖို့တော့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုပဲဖြစ်နေပါစေ၊ ဒါကိုကြည့်ကောင်းအောင် ကြိုးစားပြီး တွဲစပ်ဝတ်ဆင်နိုင်ဖို့သာ လိုတယ်ဆိုတာ မဒီတွေ မမေ့ပါနဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က