ဖျော်ဖြေပွဲတွေဖျက်ပြီး ဖြေဆိုခဲ့ရတဲ့ စာမေးပွဲပါ။

ဥပဒေကျောင်းသူလေး ပိုပိုက တတိယနှစ်(အဝေးသင်) စာမေးပွဲကြီး အောင်မြင်ခဲ့ပါပြီ။ သူမနဲ့အတူ တခြားကျောင်းသား၊ ကျောင်းသူတွေလည်း စာမေးပွဲအောင်မြင်ပါစေတဲ့။

Photo: ဝတ်ရည်မိုး

အဆိုတော်မလေး ပိုပိုက ဥပဒေ(တတိယနှစ်) အဝေးသင် စာမေးပွဲကို အောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။ သူမဟာ ဖျော်ဖြေပွဲတွေဖျက်ပြီးတော့မှ ကြိုးကြိုးစားစား ဖြေဆိုခဲ့ရတဲ့ စာမေးပွဲ ဖြစ်တယ်လို့လည်း ပြောပြထားပါတယ်။

‘’ရေးး အပျိူကြီး မမဟာ နောက်ဆုံးတော့ ဥပဒေ တတိယ နှစ်အောင်တယ် ဗျို့။ Party လုပ်ပြီ။ ပျဉ်းမနား နှစ်ကျိတ် ရှစ်ဆူ ပွဲ တစ်ပွဲ ကို လက်ခံပြီးမှ ဖျက်ခဲ့တာရော ပွဲတွေနားပြီး ဖြေခဲ့တာမို့လို့  အောင်တော့ ပျော်တယ်’’ လို့ ဆိုပါတယ်။ သူမရဲ့ ခုံနံပါတ်က ၃-ဥ - ၁၀၉ မဝတ်ရည်မိုး နာမည်နဲ့ အောင်မြင်ခဲ့တာပါ။ 

 

Photo: ဝတ်ရည်မိုး

သူမလိုပဲ တခြား ကျောင်းသူ၊ ကျောင်းသားတွေလည်း စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်စေဖို့ ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။

‘’ကဲကဲ ကလေးတွေလဲ စာမေးပွဲတွေ အောင်ကြပါစေကွယ်။ စာတွေ သေချာသင်ပေးတဲ့ ဆရာမတွေကိုလဲ ကျေးဇူးပါ။( လက်ဆောင်တွေလဲ လက်ခံ နေပါပြီနော်)’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝတ်ရည်မိုး

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Photo: ဝတ်ရည်မိုး

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က