သူရဲ့ ခံစားချက်လေး တချို့ကို ရေးသားထားတာတွေ့ရပါတယ်။

ပျော်ရွှင်မှု ဝမ်းနည်းမှုလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေကို အမြဲတမ်း ဝေမျှတတ်တဲ့ သူမဟာ ဒီနေ့မှာလည်း သူမရဲ့ ခံယူချက်လေး တစ်ခုကို စာသားလေးတွေအဖြစ်နဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။



 

ပျော်ရွှင်မှု ဝမ်းနည်းမှုလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေကို ပရိသတ်တွေအတွက် အမြဲတမ်း ဝေမျှတတ်တဲ့ သရုပ်ဆောင် သက်မွန် မြင့်ဟာ ခံစားချက်လေးတွေကို စာသားလေးတွေအဖြစ် ပုံဖော်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်တတ်သူလည်း ဖြစ်ပါတယ်။ ဒီနေ့(စက်တင် ဘာ ၁၂ရက်)မှာလည်း သူမခံယူထားတဲ့ ခံယူချက်တချို့ကို စာသားလေးတွေအဖြစ် ပုံဖော်ထားတာတွေ့ရပါတယ်။

ပျော်ရွှင်မှုဆိုတာ ကိုယ်ကပဲ ဖန်တီးရတာဖြစ်ပြီး စိတ်ထားတတ်ရင် အေးချမ်းတယ်ဆိုတဲ့ သက်မွန်ရဲ့ ခံယူချက်လေးကို ပရိသတ်တွေက သဘောကျ ခဲ့ကြတာတွေ့ရပါတယ်။

 

"မင်္ဂလာနံနက်ခင်းပါ!ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ပျော်မနေပဲ မချစ်တဲ့သူတွေကို ဘာလို့ တောင့်တနေဦးမလဲ။ ပျော်ရွှင်မှုဆိုတာ ကိုယ်ကပဲ ဖန်တီးရတာပါ။ စိတ်ထားတတ်ရင် အေးချမ်းတယ် #မွန်TMM" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ စက်တင်ဘာ(၁၂) ရက်နေ့က ရေးသားထား တာတွေ့ရပါတယ်။

သူမရဲ့ ခံယူချက်လေးစာသားလေး တချို့ကိုရေးသားရင်းနဲ့ သက်မွန်တစ်ယောက် စာရေးတော့မှာဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်။ "ရေးတာလေးတွေ သဘောကျရင် # လေးမမေ့ပါနဲ့ မွန် စာရေးတော့မှာ" ဆိုပြီး ဆက်လက်ပြောပြထား တွေ့ရ ပါတယ်။

သူငယ်ချင်းတွေနဲ့ ခရီးထွက်ရလို့ ပျော်နေတဲ့ သက်မွန်မြင့် 

သက်မွန်မြင့်ဟာ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်နေတာ တွေ့ရပါတယ်။မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်း ခင်လေးနွယ်၊ မေကဗျာ၊မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ ဒီဇိုင်နာမပုံ့တို့နဲ့အတူ ခရီးတွေ သွားခဲ့တာပါ။ သက်မွန်မြင့်ဟာ သူငယ်ချင်းတွေနဲ့ အတူ ခရီးထွက်နေ တာဖြစ်တဲ့အတွက် အိမ်မှာ ကျန်ခဲ့တဲ့ သမီးလေး လဝန်းကို Video Call ခေါ်ပြီး အလွမ်း တောင် သယ်နေပါတယ်တဲ့။ သားသား အားချစ်လေး ကတော့ ကျောင်းသွားလို့ အလွမ်းသယ်တဲ့ Video Call မှာ မပါဝင်ခဲ့ပါဘူး။

'' နောက်ရက်ဆို မြင်တာနဲ့ ငိုတော့မှာ ခုတော့ မေမေ ဘယ်ရောက်လဲပေါ့။ ချစ်ရလွန်းသော အသဲအနှစ် ကိုကိုကကျောင်းသွား'' ဆိုပြီးတော့ လည်း စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီကပဲ သမီးလေးနဲ့ Video Call တဲ့ ဓာတ်ပုံလေးရဲ့ အောက်မှာ မေမေ သက်မွန်မြင့် တစ် ယောက် အလွမ်းသယ်နေတဲ့ အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

 

သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က