သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ စိုင်းစည်တွမ်ခမ်းက တစ်ကိုယ်တော် သီချင်းအခွေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
Photo: စိုင်းစည်တွမ်ခမ်း
သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းက တစ်ကိုယ်တော် သီချင်းအခွေထွက်နိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရှမ်းတိုင်းရင်းသားဖြစ်တာကြောင့် ရှမ်းသီချင်းလေးတွေ သီဆိုသွားမယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
‘’ သီချင်းက ၈၀ ရာခိုင်နှုန်းလောက်ပြီးတော့မှ သီချင်းခေါင်းစဉ်ကို ရွေးဖို့ စဉ်းစားထားပါတယ်။ သီချင်းဟောင်းက ၂ ပုဒ်တော့ပါမယ်။ ရှမ်းသီချင်းဆန်ဆန်လေး တစ်ပုဒ်ပါတယ်။ မိဘတွေအကြောင်းဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါတယ်။ လူငယ်တွေနဲ့ တွဲဆိုထားတဲ့ သီချင်းတွေလည်း ပါတယ်’’ လို့ Viho ကိုရီးယားအလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: စိုင်းစည်တွမ်ခမ်း
စိုင်းစည်တွမ်ခမ်းကို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့သာ ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော် သီချင်းခွေ ပြင်ဆင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
‘’အနုပညာတွေက ဆက်စပ်တယ်လေ။ ဘာပဲဖြစ်ဖြစ် ခံစားချက်ရှိမှ၊ Mood ရှိမှ လုပ်လို့ရတာလေ သီချင်းကကျတော့ ကိုယ့်ခံစားချက်ရှိတဲ့ဟာတွေ၊ တိုက်ဆိုင်မှုရှိတာတွေကို ဆိုလို့ပိုကောင်းတယ်။ သီချင်းက ကိုယ့်ရဲ့ နဂိုရှိပြီးသား ခံစားချက်ကိုပဲ သံစဉ်တွေနဲ့ဆိုတော့ သီချင်းဆိုရတာ ကောင်းပါတယ်။ သီချင်းဆိုရတာလည်း ကြိုက်ပါတယ်။ ရုပ်ရှင်ကြည့်ရတာလည်း ကြိုက်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: စိုင်းစည်တွမ်ခမ်း
သူ့အနေနဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကို ပရိသတ်လက်ထဲ အမြန်ဆုံးပို့ပေးချင်နေပြီလို့ ဆိုပါတယ်။ ကြိုးကြိုးစားစားပြင်ဆင်ခဲ့ရတဲ့ အခွေဖြစ်တယ်လို့ သိရပါတယ်။
‘’သင်္ကြန်မတိုင်ခင် မတ်လလောက် ဖြစ်နိုင်မယ် ထင်ပါတယ်။ သီချင်းလုပ်တာကလည်း စတူဒီယိုရက် ရတာနဲ့ ၊ Mixing ဆွဲတာနဲ့ ၊ အချောသပ် ရတာနဲ့ဆိုတော့ အချိန် နည်းနည်းလေး ယူတာပါ။ အစ်ကိုက ၁ လပိုင်းတောင် အမီ ထွက်ချင်တာ နောက်လတော့ ကြိုးစားပြီး ထွက်ပါမယ်’’ လို့ သူကဆိုပါတယ်။
Photo: စိုင်းစည်တွမ်ခမ်း
စိုင်းစည်တွမ်ခမ်း(Sai Si Tom Khan) ကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ ခန့်ညားသပ်ရပ်တဲ့ ရုပ်ရှည် အရပ်အမောင်းကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ ပိုမိုအားပေးခြင်းကို ခံထားရသူတစ်ဦးပါ။ အခုဆိုရင်တော့ သူဟာ စီးပွားရေးဘက်ကို ပိုပြီး အချိန်ပေးနေတာကို တွေ့ရပါတယ်။