အန်ဖီးလ်ကို ပြိုင်ဘက်အဖြစ် ပြန်ရောက်လာတဲ့ ဆွာရက်ဇ်ကို လီဗာပူးပရိသတ်တွေ လှောင်ပြောင်ခဲ့တာပါ။

မနေ့ညက လီဗာပူးနဲ့အက်သလက်တီကိုတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ လီဗာပူးက ခြေစွမ်းပြခဲ့ပြီး ဂျိုတာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း လီဗာပူးက ဒီရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၄) ပွဲကစားပြီးချိန်မှာ (၄) ပွဲနိုင်နဲ့အတူ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။



ဒါပေမယ့် ဒီပွဲမှာ အသင်းရဲ့ကစားသမားဟောင်းအဖြစ် ပြန်လည်ရင်ဆိုင်တဲ့ ဆွာရက်ဇ်ကို လီဗာပူးပရိသတ်တွေ ဝိုင်းဝန်းလှောင်ပြောင်ခဲ့တဲ့အပေါ်မှာတော့ ချဲလ်ဆီးနဲ့စပါးကစားသမားဟောင်း ဂျေဆန်ကန်ဒီက ဝေဖန်လာပါတယ်။ ဆွာရက်ဇ်ဟာ ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ အက်သလက်တီကိုအတွက် တစ်ဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ ပြန်လည် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဆွာရက်ဇ်ဟာ ဒီပွဲမတိုင်ခင် ဘာစီလိုနာကစားသမားဘဝနဲ့ လီဗာပူးကို ပြန်လည်ရင်ဆိုင်ခဲ့စဥ်က နူးကမ့်မှာ ဂိုးသွင်းအပြီး အောင်ပွဲခံခဲ့တာကြောင့် လီဗာပူးပရိသတ်တွေရဲ့ အမျက်ဒေါသတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတာပါ။ ဒါပေမယ့် အဲ့ဒီအချိန်က သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ဆွာရက်ဇ်က လီဗာပူးပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ဆွာရက်ဇ်ရဲ့လုပ်ရပ်အပေါ် အခဲမကြေနိုင်ဖြစ်နေပြီး မနေ့ညကပွဲမှာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာပါ။ ဒီအပေါ်မှာတော့ ဂျေဆန်ကန်ဒီက “လီဗာပူးပရိသတ်တွေက ဘာကြောင့် ဆွာရက်ဇ်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာလဲ? သူက အသင်းအတွက် ဂန္တဝင်တစ်ယောက်၊ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဘရန်ဒန်ရော်ဂျာလက်ထက်မှာ အသင်းကို ပရီးမီးယားလိဂ်ဖလားနဲ့ အနီးစပ်ဆုံးပို့ဆောင်ပေးနိုင်ခဲ့ပါတယ်”

“ဘာကြောင့်အခုလိုလုပ်တာလဲ? ဇာတ်ကြောင်းကုန်စင်ကရော ဘယ်လိုမျိုးလဲ? သူက အက်သလက်တီကိုအတွက် ကစားပေးနေလို့ လှောင်ပြောင်ခံရတာလား? ကျွန်တော်ထင်ပါတယ်။ ဒါက ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ လီဗာပူးအတွက် (၂၀၁၁) ကနေ (၂၀၁၄) အထိ ကစားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ (၂၀၂၀) မှာ အက်သလက်တီကို,ကို ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က