ပရိသတ်နဲ့ရင်းနှီးပြီးသား မင်းသမီးလေးပါ။

စင်ရော်မောင်မောင်က နောက်ထပ်ရိုက်မယ့် ကြော်ငြာမှာ ဗီယက်နမ် မင်းသမီးလေး ငုရင်ထရန် ဟုရန်မေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း စင်ရော်မောင်မောင်က တောင်ကိုရီးယား အနုပညာရှင်တွေပါဝင်မယ့် ‘’တစ်ခါက ဆောင်း’’ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေပါတယ်။

Photo: Zin Yaw Mg



အကယ်ဒမီ စင်ရော်မောင်မောင်က မကြာခင်မှာ ဗီယက်နမ် မင်းသမီးလေး ငုရင်ထရန် ဟုရန်မေနဲ့ အတူ ကြော်ငြာရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ငုရန်ထရန် ဟုရန်မေကတော့ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်ပါ။

‘’Zin Yaw Team နဲ့ မ ကြာ ခင် Tea Art T V C ရိုက် မည်’’ ဆိုပြီးတော့ မေလ ၂ ရက်နေ့ မနက် ၃နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲဒီနောက် ငုရင်ထရန်ဟုရန်မေ ရဲ့ အလှ ဓာတ်ပုံလေးကိုလည်း ပရိသတ် နဲ့ မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။ စင်ရော်မောင်မောင်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နာမည်ကျော် ဒါရိုက်တာတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Photo: Minh Luan Ducan 

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

Photo: တိမ်တိုက် တံတား

ငုရင်ထရန် ဟုရန်မိုင် ကတော့ Miss Grand Vietnam 2017 အလှမယ် ဆုကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံအတွင်းမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ သူမဟာ သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ တို့နဲ့ အတူ ‘’တိမ်တိုက် တံတား’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် စိန်နန်းတော် ကြော်ငြာလည်း ရိုက်ကူးထားတာ ကိုတွေ့ရပါတယ်။ မကြာခင်မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ အတူ တီဗီကြော်ငြာ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Photo: Zin Yaw Mg

လက်ရှိမှာလည်း စင်ရော်မောင်မောင်က တောင်ကိုရီးယား အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ ပါဝင်မယ့် ‘’တစ်ခါက ဆောင်း’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ Big 5 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်းကတော့ မိုးနီလွင်ဖြစ်ပါတယ်။ တောင်ကိုရီးယား လူမျိုး အဖြစ်ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ တောင်ကိုရီးယားနိုင်ငံက ဘူဆန်မြို့နဲ့ ဆိုးလ်မြို့တွေမှာရှိတဲ့ ဝါသနာရှင်တွေထဲက ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က