ပရိသတ်တွေ အရမ်းပျော်လို့နေပါတယ်။

ချမ်းမြေ့မောင်ချိုဟာ ဒီနေ့ကျင်းပတဲ့ Shwe FM (9) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဖက်ရှင်ဆု ရရှိသွားခဲ့ပါတယ်။ မမျှော်လင့်ပဲ Shwe FM က ချီးမြှင့်တဲ့ ဖက်ရှင်ဆုကို ရရှိသွားတဲ့ အတွက် သူမနဲ့အတူ ပရိသတ်တွေလည်း အရမ်းပျော်လို့နေကြပါတယ်။

Shwe FM ရဲ့ (9) နှစ်ပြည့် နှစ်ပတ်လည် ဂီတဆုပေးပွဲကြီကို  ဒီနေ့(ဒီဇင်ဘာ၁၄ရက်)က ရန်ကုန်မြိ့ ၊ ရွှေထွဋ်တင် ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Shwe FM ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်ပွဲကို နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြသလို Myanmar Idol Season 3 က ပြိုင်ပွဲဝင် (၁၁)ယောက်လုံး တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။



အဲ့ဒီမှာမှ Myanmar Idol Season 3 ရဲ့ 1st Runner Up ဆုရှင် ချမ်းမြေ့မောင်ချိုလည်း တက်ရောက်ခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ ဒီနေ့ကျင်းပတဲ့ Shwe FM (9) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဖက်ရှင်ဆု ရရှိသွားခဲ့ပါတယ်။ မမျှော်လင့်ပဲ Shwe FM က ချီးမြှင့်တဲ့ ဖက်ရှင်ဆုကို ရရှိသွားတဲ့ အတွက် သူမနဲ့အတူ ပရိသတ်တွေလည်း အရမ်းပျော်လို့နေကြပါတယ်။

ဒီနှစ်မှာ ပြုလုပ်တဲ့ Shwe FM ပွဲကို သူမအနေနဲ့ ပထမဆုံး တက်ရောက်ခွင့်ရခဲ့တာပါ။ ချမ်းမြေ့မောင်ချိုဟာ Shwe FM ဂီတဆုပေးပွဲမှာ စည်သူလွင်နဲ့အတူ စုံတွဲသီချင်းလေးနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။

လူငယ်အဆိုတော်မလေး ချမ်းမြေ့မောင်ချို့က အခုဆိုရင် ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရပါပြီ။ကြော်ငြာတွေ ရိုက်ရင်းနဲ့ သီချင်းတွေ ဆိုနေတဲ့ သူမက သီချင်းခွေအတွက်ကိုလည်း သီချင်းသစ်တွေ စုနေတယ်လို့ ဆိုပါတယ်။

"လတ်တလောက ဟိုးတုန်းက ပေါက်ခဲ့တဲ့ သီချင်းလေးတွေ ပြန်ဆိုဖို့ လုပ်နေတယ်။ ပြန်ဆိုတယ်ဆိုတာကလည်း ကထိန်ပွဲတွေ ဘာတွေမှာ ပရိသတ်တွေမြူးအောင် ဆိုမယ်ပေ့ါ။ စဉ်းစားနေတုန်းပါ။ သီချင်းသစ်တွေကတော့ အခုမှ စစုနေတုန်း။ တေးရေးတွေကိုလည်း အခုမှ ရေးပေး ဖို့အတွက် ပြောထားတုန်းပါ။ သီချင်းတွေက အခုထိတော့ မရသေးပါဘူး။တစ်ပုဒ်လားပဲ ရသေးတယ်။ စောင့်နေတုန်းပေ့ါ" လို့နိုဝင်ဘာ(၂၅) ရက်နေ့က D&C ကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။

သူမဟာ Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က