ခွန်အားဖြစ်စေမယ့် စကားလေးတွေပါ။

ရွှေပိုးအိမ်က ပရိသတ်တွေကို အရမ်းချစ်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်. အခုလည်း သူများတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံရတဲ့ ပရိသတ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်ကို ပြောပြလာပါတယ်.

Photo: ရွှေပိုးအိမ်

သရုပ်ဆောင် ရွှေပိုးအိမ်က သူများ ကဲ့ရဲ့တာကို ခံနေရတဲ့ ပရိသတ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်ကို ပြောပြလာပါတယ်. ငွေကြေးရှိရင် အစစအရာရာ ပြင်ဆင်လို့ ရတဲ့ အကြောင်းပြောပြလာပါတယ်.

''Body shaming လုပ်ခံရလို့လည်း စိတ်မညစ်နဲ့ အားကစားလုပ်ပြီး အစားလျှော့ရင် ပိန်တယ်. ရုပ်ဆိုးနေလည်း စိတ်မညစ်နဲ့ ပိုက်ဆံရှိရင် တစ်ကိုယ်လုံးပြုပြင်လို့ရတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲကျော်က သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. လက်ရှိမှာတော့ ရွှေပိုးအိမ်က ဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်.

Photo: ရွှေပိုးအိမ်

ရွှေပိုးအိမ်က အနုပညာအလုပ်တွေ စလုပ်ကတည်းက သူ့ရဲ့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆို တာတွေ ကြုံခဲ့ရတဲ့အကြောင်း Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်. ဒီလိုဝေဖန်တိုက်ခိုက် မှုတွေအများကြီးရှိတဲ့ကြားကနေ ပရိသတ်ပေးတဲ့ နေရာတစ်နေရာ ရအောင် ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်. ဒီလိုအချိန်မှာလည်း သူမကိုယ်တိုင် ရင်နဲ့မဆန့်အောင် ဝမ်းနည်းငိုကြွေးခဲ့ရ တဲ့ အချိန်တွေ ရှိတယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်.

Photo: ရွှေပိုးအိမ်

အနုပညာအလုပ်ကို ဝါသနာပါလို့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့စကားတစ်ခွန်းအတွက်နဲ့ ကျရှုံးမသွားအောင် ကြိုးစားခဲ့တယ် လို့ ရွှေပိုးအိမ်က ပြောပါတယ်။ အခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ မှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခြင်းကို ခံနေရပါပြီ။

'' လူတစ်ယောက်က ကိုယ့်ကို ပြောလိုက်လို့ ကျရှုံးသွားတယ်ဆိုရင် လူဖြစ်ရှုံးတယ်လို့ထင်တယ်။ ဝေဖန်မှုတွေကိုခံယူတက်မယ်ဆိုရင် ဒါက အင် အားတစ်ခုပဲ။ ကိုယ့်ကို ပုတ်ခတ်ပြောတဲ့လူတစ်ယောက်ရဲ့ စကားကိုလည်း ဘယ်တော့မှ မနာဘူး၊ သူပြောတဲ့ စကားကို ပြောင်းလဲပစ်လိုက် တယ်'' လို့ သူကဆိုပါတယ်။

Photo: ရွှေပိုးအိမ်

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က