ဒီကာရိုက်တာကို သရုပ်ဆောင်ဖို့ သူမအတွက် ပင်ပန်း၊ ခက်ခဲမယ်လို့ ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားထဲမှာ ဒေါင်းနီဆိုတဲ့ မိန်းမတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒေါင်းနီဟာ ဆင်ဖြူ ကျွန်းမှာနေထိုင်ပြီး ကလေးတစ်ယောက်အမေ မုဆိုးမ၊  သူ့ရဲ့ ခံစားချက်နဲ့ စိတ်ဓာတ်တွေ ကလည်း ပြင်းထန်တဲ့ မိန်းမတစ်ယောက် ဖြစ်ပါတယ်။

 

ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ 'ဟစ်တိုင်' ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကား ထဲက သူ့ရဲ့ ကာရိုက်တာဟာ အမှန်တရားဘက်က ရပ်တည်တတ်ပြီး မဟုတ်မခံစိတ်ဓာတ်ရှိတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ ဒေါင်းနီရဲ့ ဇာတ်ရုပ်ပေါ့နော်။ ဒေါင်းနီက အမှန်တရားဘက်ကနေ ရပ်တည်တဲ့မိန်းမတစ်ယောက်၊ မဟုတ်မခံပေါ့နော် သူ့ရဲ့ဘဝမှာ သူ့သမီးလေးတစ်ယောက်ပဲ။ သူ့သမီးအတွက်ဆို အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ နောက်ဆုံးတော့ ဒီသက်ငယ်မုဒိမ်းနဲ့ သူက ပညာပေးထားတာပေါ့နော်။ ကလေးကို ကျူးလွန်လိုက်တဲ့ အပြစ်အတွက် လက်တုံ့ပြန်လိုက်တဲ့ မိန်းမတစ်ယောက်ပေါ့''လို့ ဆိုပါတယ်။

 

ဒေါင်းနီရဲ့ ဇာတ်ရုပ်ဟာ အိန္ဒြာကျော်ဇင်အတွက်တော့ တာဝန်ကြီးပါတယ်တဲ့။ ဒေါင်းနီဟာ ကလေးတစ်ယောက်အမေ၊ မုဆိုးမ တစ်ယောက်၊ စိတ်ဓာတ်ပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

'' တာဝန်ကတော့ ကြီးတယ် ဒီဇာတ်ကို ဖတ်လိုက်ကတည်းက Main ကာရိုက်တာအနေနဲ့ သွားထားတာကိုး။ အဓိက ဒေါင်းနီရဲ့ ကာရိုက်တာကို ပုံဖော်ပေးရမှာပေါ့နော်။ ဒေါင်းနီဟာ ဆင်ဖြူကျွန်းမှာရှိတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။ ကလေးအမေ မုဆိုးမ အဲ့ဒါတွေအပြင် သူ့ရဲ့ ခံစား ချက်၊ သူ့ရဲ့ စိတ်ဓာတ်က ပြင်းထန်တယ်။ ဒေါင်းနီရဲ့ လှုပ်ရှားမှုလေးတွေလည်း ထည့်ပေးရမယ် ဆိုတော့ သူက တခြားဇာတ်ကားတွေနဲ့ မတူဘူး'' လို့ ဆိုပါတယ်။

ရင်ဘက်ထဲကဓားနဲ့ အကယ်ဒမီရသွားတဲ့ အိန္ဒြာကျော်ဇင် 

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ကားတစ်ခုလုံးမှာ ဒေါင်းနီက ဦးဆောင်ရမှာ ဖြစ်တဲ့အတွက် ဒေါင်းနီဆိုတဲ့ အမျိုးသမီးဖြစ်အောင် ၁၀၀ ရာခိုင်နှုန်းကြိုးစားသွားမယ်လို့ အိန္ဒြာကျော်ဇင်က သန္တွိန်ချထားသူပါ။

'' ဒီဇာတ်ရုပ်သည် တစ်ကားလုံး အစ၊ အလယ်၊ အဆုံး မှာ ဒေါင်းနီက ဦးဆောင်တယ်။ သူလုပ်ရတဲ့ အိုက်တင်တွေ၊ လုပ်ကွက်တွေ အားလုံးက လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ပင်ပန်းမယ်၊ ခက်ခဲမယ်၊ စိတ်ဓာတ်တွေကလည်း ပြင်းထန်မယ်။ ဒီကာရိုက်တာအတွက် 100% ကြိုးစားသွားမှာပဲ  ရှိပါတယ်'' လို့ ပြောပြခဲ့ပါတယ်။

 

စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်မယ့် ဟစ်တိုင် ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးကာ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က