ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့တာပါတဲ့။

ပိုင်ဖြိုးသု ဟာ '' မီ'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေရဲ့ အားပေးမှုအပေါ် ခံစားချက်တွေပြောပြလာပါတယ်. ဒီဇာတ်ကားထဲမှာ သူမရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ဆက်လက်ပြောပြထားပါတယ်.

Photo: Amazing Grace



ပိုင်ဖြိုးသုရဲ့ ''မီ'' ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံမှာ ပြသနေတာဖြစ်ပါတယ်. အဲ့ဒီအတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံပွဲလည်း ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်. စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေရဲ့ အားပေးမှုအပေါ်မှာလည်း ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်.

'' စင်္ကာပူ နေ့ချင်းပြန် trip လေး မျက်နှာမငယ်ရအောင်အားပေးပေးခဲ့ကြတဲ့ Singapore 'မီ' ပရိတ်သတ်အားလုံးကို ကျေးဇူးအထူးတင်ပါတယ် .နောက်ထပ်ပိုမိုကောင်းမွန်တဲ့ရုပ်ရှင်ကားတွေရိုက်ကူးနိုင်အောင်ကြိုးစားပါ့မယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်. အဲ့ဒီနောက် စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေနဲ့ အမှတ်တရ ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်.

Photo: Amazing Grace

အကယ်ဒမီ ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ''မီ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့(ဒီဇင်ဘာလ ၆) ရက်နေ့ ကစပြီး စင်ကာပူနိုင်ငံမှာ ပြသခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း စင်ကာပူက မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်တဲ့အတွက် ကြိုတင် စိတ်လှုပ်ရှားခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်.

'' အားလုံးပဲ မင်္ဂလာပါ သုသု တို့ မီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၆ ရက်နေ့ကနေ စပြီးတော့ စင်္ကာပူနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပါပြီ။ ၂ ပတ်အကြာ ရုံပေါ်မှာ ပြသသွားမှာပါ။ နောက်ထပ်သတင်းလေးတစ်ခုကတော့ သုသုတို့ မီရုပ်ရှင်အဖွဲ့သားတွေ စင်္ကာပူနိုင်ငံကိုလာပြီးတော့ ချစ်ရတဲ့ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံချင်ပါတယ်။ အဲ့ဒီအခါကျရင်လည်း လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မီရုပ်ရှင်ကားကြီးကို လည်း အား ပေး ကြပါဦးနော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။


Photo: Amazing Grace

ပိုင်ဖြိုးသုဟာ မီဇာတ်ကောင် ပီပြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရသူဖြစ်ပါတယ်။ စာရေးဆရာမ ကြည်အေးရဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားခဲ့တဲ့ မီဝတ္ထုကို ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

'' သု အစွမ်းကုန်ကြိုးစားခဲ့တယ်၊ ဒါရိုက်တာကလည်း အကောင်းဆုံးသင်ပေးတယ်၊ အခုချိန်မှာ ပြန်ကြည့်ရင်လည်း မီ ဇာတ်ရုပ်က စိတ်ထဲ ပြန်ပြန် ဝင်သွားတယ်။ မီ က သုကို အရမ်းလွှမ်းမိုးတဲ့ ဇာတ်ကောင်ဖြစ်လို့လား မသိဘူး။ ဒါပေမယ့် တကယ်ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တာကတော့ ပရိသတ်ပေါ့နော်'' လို့ ဆိုပါတယ်။

Photo: Amazing Grace

မီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သားညီ၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က