စတော်ဘယ်ရီးသီးတွေထဲမှာ စက်ချုပ်အပ်တွေ ပါဝင်နေကြောင်း ပြောဆိုမှု ၁၀၀ ကျော်ရှိခဲ့ပါတယ်။

သြစတြေးလျမှာ စားသုံးသူများအကြား ကြောက်လန့်တကြား ဖြစ်ခဲ့ကြရတဲ့ စတော်ဘယ်ရီသီးတွေထဲ စက်ချုပ်အပ်ပါနေတဲ့ ဖြစ်ရပ်များ နယူးဇီလန်နိုင်ငံမှာလည်း တွေ့ကြုံလာခဲ့ရပါတယ်။ နယူးဇီလန် အုတ်ကလန်မြို့မှာ စက်ချုပ်အပ်ပါနေတဲ့ စတော်ဘယ်ရီသီးတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Amer Ghazzal/Barcroft Images





Countdown စူပါမတ်ကက်လုပ်ငန်းစုက စက်ချုပ်အပ်ပါနေတဲ့ သြစတြေးလျနိုင်ငံမှ စတော်ဘယ်ရီသီး အမှတ်တံဆိပ်တစ်ခုကို ၎င်းရဲ့ဆိုင်တွေကနေ ဖယ်ရှားသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။ သြစတြေးလျမှ တင်သွင်းလာတဲ့ စတော်ဘယ်ရီးသီးတွေထဲမှာ စက်ချုပ်အပ်တွေ ပါဝင်နေကြောင်း ပြောဆိုမှု ၁၀၀ ကျော်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

သို့သော် ထိုပြောဆိုမှု အများအပြားဟာ အခြားသူတွေ ပြောဆိုနေမှုအတိုင်း လိုက်လံတုပ ပြောဆိုမှုတွေ ဖြစ်နိုင်သလို ဆိုရှယ်မီဒီယာမှာ စနောက်မှုတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Photo: SBS



သြစတြေးလျ အနောက်ပိုင်းပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်တဲ့ စတော်ဘယ်ရီသီးတွေကို နယူးဇီလန်ရှိ Countdown စူပါမတ်ကက်တွေမှာ ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

ဝယ်ယူတွေအနေနဲ့ စတော်ဘယ်ရီသီးတွေကို ၎င်းရဲ့ စူပါမတ်ကက်များသို့ ပြန်လည်ပေးအပ်နိုင်ကြောင်းနဲ့ ငွေအပြည့်အဝ ပြန်အမ်းပေးသွားဖြစ်ကြောင်း Countdown က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

နယူးဇီလန်မှာ စက်ချုပ်အပ်ပါနေတဲ့ စတော်ဘယ်ရီသီး စားမိပြီး ကျန်းမာရေးပြဿနာ ခံစားရကြောင်း သတင်းတွေမရှိခဲ့ပေမဲ့ စတော်ဘယ်ရီသီး စားသုံးသူတွေအနေနဲ့ လှီးဖြတ်ပြီးမှသာ စားသုံးကြရန် တိုက်တွန်းထားပါတယ်။

Photo: AFP



စတော်ဘယ်ရီးသီးတွေထဲမှာ စက်ချုပ်အပ်ပါဝင်နေမှုတွေ သြစတြေးလျမှ စတင်တွေ့ရှိခဲ့ရပြီးနောက် ထိုသို့ ပြုလုပ်ခဲ့သူတွေကို ယခင်က ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ရာမှာ ၁၅ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုသို့ ပြုလုပ်သူတွေကို ဖမ်းဆီးရမိနိုင်ရေး သတင်းပေးသူအား သြစတြေးလျဒေါ်လာ ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇၂,၀၀၀) ဆုငွေပေးအပ်သွားမယ်လို့လည်း အစိုးရက ကမ်းလှမ်းထားပါတယ်။

သြစတြေလျးမှာ စတော်ဘယ်ရီရောင်းချရမှုဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၄ သန်းရှိပြီး ယခုဖြစ်ရပ်ကြောင့် အရောင်းဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က