ဒဏ်ရာကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။

လီဗာပူးအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မှာ ကွင်းလယ်ကြယ်ပွင့် နဘီခီတာမပါဝင်ဘဲ ကစားရတော့မှာဖြစ်ပါတယ်။ နဘီခီတာဟာ စပါးအသင်းနဲ့ပွဲစဉ်အတွက် ပဏာမကစားသမားစာရင်းကနေ ဒဏ်ရာကြောင့် ဖယ်ရှားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

နဘီခီတာဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း မော်ရီတေးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ဂီနီယာအသင်းရဲ့လူစာရင်းမှာလည်း မပါဝင်ခဲ့သူဖြစ်ပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်နေရသူဖြစ်ပါတယ်။



နဘီခီတာဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မရောက်မီ လီဗာပူးအသင်းကစားခဲ့တဲ့ ဖူလ်ဟမ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ပွဲစဉ်တွေကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိသူဖြစ်ပြီး စပါးအသင်းနဲ့ပွဲစဉ်မှာ အနည်းဆုံးတော့ အရန်လူစာရင်းမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အပြည့်အဝပြုလုပ်နိုင်ခဲ့ပေမယ့်လည်း နဘီခီတာဟာ ယနေ့ညမှာ စပါးအသင်းနဲ့ရင်ဆိုင်မယ့် လီဗာပူးအသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့မှ ကာဒစ်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ဘက်မန်ချက်စတာစီးတီးအသင်းထက် ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ဖို့အတွက် စပါးအသင်းကို မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က