ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘရိုက်တန်အသင်းအတွက် ဂိုးတွေကို မာရေး၊ ဒပ်ဖီ၊ ဂရော့စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



BrightonUnited1908ab-7.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်း စတင်ချိန်ကတည်းက ကစားကွက်အသာစီးရယူပြီး တိုက်စစ်ဆင်ကစားဖို့ ကြိုးပမ်းခဲ့ပြီး ၂၆ မိနစ်မှာ ဆိုလီမာ့ချ်ရဲ့ပေးပို့မှုကနေတဆင့် ဂလန်းမာရေးက ဟက်ဒါစ်ဖီးလ်အသင်းအတွက် အဖွင့်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။  ၂၇ မိနစ်မှာ ရှိန်းဒပ်ဖီက ဟက်ဒါစ်ဖီးလ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်း ၃၄ မိနစ်မှာ လူကာကူက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမချေပဂိုးကို သွင်းယူးပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၄၄ မိနစ်မှာ ဂရို့စ် ဟက်ဒါစ်ဖီးလ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက လူစားလဲလှယ်မှုအများအပြား ပြုလုပ်ခဲ့ပြီး ချေပဂိုးတွေ ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးခါနီး မိနစ် ၉၀ မှာ ပင်နယ်တီကနေတစ်ဆင့် ပေါ့ဂ်ဘာက အမှားအယွင်းမရှိ ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် တတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ်နဲ့ထပ်မြင်ရဦးမယ့် ဘရိုက်တန်နဲ့ပွဲစဉ် 


ဆက်စပ်အကြောင်းအရာများ

Share

က္က