သူ့ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ထားတာပါ။

သူများတွေကို Brand တွေ ဝတ်ချင်ပေမယ့် ကိုယ့်အနေအထားနဲ့ ကိုယ့်ဝင်ငွေက Brand တစ်ခုကို ဝယ်နိုင်တဲ့ သရုပ်ဆောင် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း သူ့ရဲ့ ခံစားချက်တွေကို ပြောပြထားပါသေးတယ်။

Photo : ဇေရဲထက်



သရုပ်ဆောင် ဇေရဲထက်က လက်ရှိမှာ ဖြည်တည်နေတဲ့ သူ့ရဲ့ဘဝလေးကို အဖြူစင်ဆုံး ဖြတ်သန်းတယ်လို့ ဆိုပါတယ်။ သူများတွေကို Brand တွေ ဝတ်ချင်ပေမယ့် ကိုယ့်အနေအထားနဲ့ ကိုယ့်ဝင်ငွေက Brand တစ်ခုကို ဝယ်နိုင်တဲ့ သရုပ်ဆောင် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း သူ့ရဲ့ ခံစားချက်တချို့ကို အချက်လေးတွေနဲ့ ချရေးထားတာတွေ့ရပါတယ်။

Photo : ဇေရဲထက်

(၂) ကျွန်တော်လားပျော်ချင်တာပေါ့ ဒါပေမယ့် ကိုယ့်အနေအထားက ပျော်ဖို့အတွက်အသုံးချရမယ့်ငွေ အလုံအလောက်မရှိလို့ပါ။ (၃)ကျွန်တော်လားအကောင်းဆုံးနေရာ အကောင်းဆုံးကား စီးချင်တာပေါ့ ဒါပေမယ့် ကိုယ့်ဖြူစင်တဲ့ငွေနဲ့ ချွေးနဲစာနဲ့ရတဲ့ date out နေတဲ့ကားပဲစီးပါရစေ။ (၄)ကျွန်တော်လား မိသားစုဆိုတဲ့ဘဝကို လိုချင်တာပေါ့ ဒါပေမယ့် ကျွန်တော်ကြုံတွေ့ခဲ့ရကျင်လည်လာခဲ့ရတဲ့မိသားစု ဘဝက ခက်ခဲကြမ်းတမ်းလွန်းတာကြောင့် မိသားစုဆိုတဲ့ဘဝကို မေ့ထားတာကြာပါပြီ။ (၅)ကျွန်တော်လား မိစုံဖစုံ နဲ့နေချင်တာပေါ့ အရင်ဘဝက ပြုခဲ့ဖူးတဲ့မကောင်းမှူ့ကြောင့် ၅ လသားကတည်း အဘွားလက်ပေါ် ကြီးပျင်းခဲ့ရတော့ အခုချိန်မှာလည်း မိစုံဖစုံနဲ့မနေရလည်းနေသားကျနေပါပြီ" ဆိုပြီး သူ့ရဲ့ ဖေ့်ဘွတ်မှာ ဖေဖော်ဝါရီ(၁၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဇေရဲထက်

ဆက်လက်ပြီးတော့လည်း သူ့အနေနဲ့ အကောင်းဆ့ုး အိမ်ကြီးတွေ ဇိမ်ခံပစ္စည်းတွေနဲ့ နေချင်တာပေ့ါတဲ့။

“(၆)အကောင်းဆုံးအိမ်ကြီး ဇိမ်ခံပစ္စည်းတွေနဲ့နေချင်တာပေါ့ ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ရှာပြီး ရလာတဲ့အခုအိမ်လေးမှာ အထိုက်အလျောက် သူ့အနေအထားနဲ့ သူရှိနေတဲ့ ဇိမ်ခံပစ္စည်းလေးတွေကို မက်မောတယ်။ (၇)ကျွန်တော်လား အချစ်မေတ္တာကိုရချင်တာပေါ့ ဒါပေမယ့် ကျွန်တော့်ကံက ကိုယ့်ကိုလှည့်စားတဲ့သူနဲ့ပဲတိုး အသုံးချသူပဲတိုးတယ်။ (၈)ကျွန်တော်ရဲ့ထမင်းရှင်ပြည်သူလူထု ပရိုဂျုဆာ အနုပညာမောင်နှမတွေရဲ့အချစ်ကိုခံချင်တာပေါ့ ဒါပေမယ့် ဘာရယ်မဟုတ်ပါဘူး အကြောင်းတိုက်ဆိုင်ပြီး ရေးမိတာပါ” လို့ ပြောထားပါတယ်။

Photo : ဇေရဲထက်

ဒါပေမဲ့ သူ့အနေနဲ့ သူ့ဖြစ်တဲ့နေရာမှာ အဖြူစင်ဆုံး နေသလို သူများဆီကလည်း ဘာမှ မတရားတာ မလုပ်တတ်ပါဘူးလို့ ရင်ဖွင့်ထားပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က