ပရဟိတမင်းသားလေး ထွန်းကိုကိုကတော့ အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေလုပ်နေရင်းနဲ့ ချစ်သူထားဖို့ကို အချိန်မရှိဘူး ဖြစ်လို့နေပါတယ်။ ဘယ်သူနဲ့ဒိတ်လို့ ဒိတ်ရမှန်းလည်း မသိပါဘူးတဲ့။
ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသားချောလေး ထွန်းကိုကိုက လက်ရှိမှာ တစ်ကိုယ်တည်း လူပျိုကြီးပါ။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေ စိတ်ဝင်စားနေပေမယ့်လည်း သူမမှာတော့ ဒိတ်ဖို့ လူတောင် မရှိဘူးလို့ ဆိုပါတယ်။ ချစ်သူထားဖို့လည်း အချိန်မရှိဘူးတဲ့။
“ဒိတ်ဖို့အချိန်တောင် မရှိဘူး။ ဘယ်သူနဲ့ဒိတ်ရမှန်းလဲ မသိပါဘူး။ အဓိကတော့ အချိန်ကလည်း အရေးကြီးတယ်။ ဇာတ်ကားရိုက်တာရော ပရဟိတအလုပ် လုပ်နေတာရောဆိုတော့အချိန်က မရဘူးဖြစ်နေတာ။ တစ်ကားပြီး နောက်တစ်ကားရိုက်ဖို့အတွက် ပြင်ဆင်နေရတယ်။ “ လို့ ဧပြီ(၂၈) ရက်နေ့က ဒဏ္ဍာရီပင်လယ်ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ပြောပြခဲ့တာပါ။
ထွန်းကိုကိုက လက်ရှိမှာ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ကျော်သူက ရိုက်ကူးနေတာ ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ထွန်းကိုကို၊ အိချောပိုတို့က အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပရဟိတအလုပ်တွေလုပ်နေပေမယ့်လည်း ထွန်းကိုကို နာမည်တပ်ပြီး အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်သွားဖို့ မရှိပါဘူးလို့ ဆိုပါတယ်။
“ထွန်းကိုကို ဖောင်ဒေးရှင်းဆိုပြီး လုပ်ဖို့ မရှိပါဘူး။ အဖွဲ့အစည်းမဖြစ်ချင်ဘူး။ ထွန်းကိုကိုနဲ့ ထွန်းကိုကို ချစ်ကြသူများ ဆိုပြီး နာမည်ပေးထားတယ်။ အဖွဲ့ဆိုတဲ့ နာမည်ပါရင်တောင် ဖြုတ်ပေးဖို့ တောင်းဆိုတယ်။ အဖွဲ့အစည်းမဖြစ်ချင်ဘူး။ကျွန်တော်လုပ်နေတာ နာရေးကူညီမှု အသင်းမှာ အသင်းသားတစ်ယောက်အနေနဲ့ လုပ်တယ်။ အဖွဲ့တစ်ခု ခွဲထွက်တာမျိုးမလုပ်ချင်ဘူး။ “ လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
ထွန်းကိုကိုဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရသလို၊ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ဖြစ်နေပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ရဲတစ်ယောက်ကာရိုက်တာအဖြစ်နဲ့ သတိထားမိလာကြတာပါ။