အခုလက်ရှိ တစ်ယောက်တည်းပါ။

သစ္စာမရှိဘူး ဆိုရင် ဘယ်လိုမှ ဆက်ပြီး တွဲလို့မရဘူး ကြိတ်မှိတ်ပြီးတော့လည်း ခံမနေပါနဲ့တဲ့။ တစ်ခါလုပ်ပြီးသွားလို့ ခွင့်လွှတ် လိုက်ရင် နောက် တစ်ခါ ထပ်လုပ်မှာဖြစ်တာကြောင့် သစ္စာမရှိတဲ့လူကို ဘယ်လိုမှ ဆက်ပြီးတော့ မတွဲပါနဲ့လို့ ဝိုင်းလေး က ဆိုပါတယ်။

Photo : ဝိုင်းလေး FB

 

အချစ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ တစ်ယောက်တည်းဖြစ်သွားတဲ့ ဝိုင်းလေးက သူမရဲ့ ခံစားချက်တချို့ကို ရင်ဖွင့်လို့လာပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး Official ချပြလိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ခဲ့ပေမယ့် Official ချပြလိုက်မှ ပိုဆိုးသွားခဲ့တယ်လို့ ဝိုင်းလေးက ဆိုပါတယ်။

"ဥပမာအားဖြင့် ဒီဘက်ခေတ်မှာဆိုရင် သမီးရည်းစား ရှိတယ်ဆိုရင် ညီမတို့ဆို ယောက်ျားလေးတစ်ယောက်မှာမိန်းကလေးရှိတယ် ဆိုရင် သွားမပတ်သတ်တော့ဘူး ဆင်ခြင်လိုက်တယ်။တချို့မိန်းကလေးတွေကျတော့အဲ့လိုမဟုတ်ဘူး သမီးရည်းစားရှိရင်လည်း သူတို့ တွဲမယ် တွေ့တဲ့ အချိန်မှာ ချစ်လိုက်မယ်။ပြီးရင် သူတို့မှာလည်း တခြားကောင်လေးရှိတယ်။ ညီမလည်း တကယ်လို့ Official ချပြလိုက်တယ်ဆိုရင် အဆင်ပြေသွားမယ်လိုု့ ထင်တာ။ ဒါပေမယ့် ပိုဆိုးသွားတယ်။" လို့ သူမက ဆိုပါတယ်။

Photo : ဝိုင်းလေး FB

 

လူတွေရဲ့ အမြင်မှာ အနုပညာအသိုင်းအဝိုင်းဟာ တကယ့်ကို မကောင်းတဲ့သူတွေ အများကြီးစုတဲ့ အသိုင်းအဝိုင်းလို့ ပြောကြပေမယ့်လည်း တကယ်တမ်းကျတော့ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သလိုပါပဲတဲ့။

"လူတွေ မြင်တာ ကျတော့ အနုပညာအသိုင်းအဝိုင်းဆိုတာ တကယ့်ကို မကောင်းတဲ့သူတေ အများကြီး စုတဲ့ အသိုင်းအဝိုင်းလို့ ပြောကြတယ်။ ဒါက ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သလိုပဲ ဒါညီမတို့ အနုပညာအသိုင်းအဝိုင်းမှ မဟုတ်ဘူး။ တခြားသော အသိုင်းအဝိုင်းမှာ အရမ်းဆိုးရွားတဲ့ Relationship တွေရှိနေတယ်ဆိုတာ ညီမသိခဲ့ရတယ်။" လို့ သူမက ဇူလိုင်လ ၂၈ ရက်နေ့က  Revlon နဲ့ Lush Magazine တို့ ပူးပေါင်းကျင်းပတဲ့ Luscious Party ကို တက်ရောက်လာရင်း Duwun Media သို့ ဖြေဆိုပေးခဲ့တာပါ။

Photo : ဝိုင်းလေး FB

ဝိုင်းလေးသတင်းကြောင့် ရူးမတက်စိတ်ပူခဲ့ရတဲ့ ခင်ဝင့်ဝါ

သူမအနေနဲ့ Relationship ရှိစဉ်တုန်းကလည်း ချစ်သူကို အကောင်းဆုံး ချစ်ခဲ့ပြီးတဲ့သူ ဖြစ်တာကြောင့် ဘယ်အချိန်ပဲ ပြန်တွေ့တွေ့ ကိုယ်လိပ် ပြာသန့်သန့်နဲ့  လက်မထောင်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ သူမဆုံးဖြတ်လိုက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို ကျေလည်း ကျေနပ်သလို သင်ခန်းစာလည်း အများကြီး ရသွားတယ်လို့ ဆိုပါတယ်။

"အရမ်းလည်း ချစ်ခဲ့ပြီးပြီ ဆိုတော့ သင်ခန်းစာရတယ်။လူတစ်ယောက်ကို အလွယ်တကူနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ သိသွားတယ်။ လူငယ် တွေအနေနဲ့ သစ္စာမရှိဘူး ဆိုရင် ဘယ်လိုဆက်တွဲလို့မရဘူးကြိတ်မှီတ်ပြီး ခံမနေပါနဲ့။ တစ်ခါလုပ်ပြီးသွားလို့ ခွင့်လွှတ်လိုက်ရင် နောက် တစ်ခါ ထပ်လုပ်မှာပဲ ။သူ့အတွက် လက်မှတ်ရသွားသလိုပဲဆိုတော့ သစ္စာမရှိတဲ့လူကို ဘယ်လိုမှ ဆက်ပြီးတော့ မတွဲပါနဲ့။ ဘာလို့ လည်း ဆိုတော့ ဆရာမ မေသင်္ကြန်ဟိန်း ရေးထားတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်"ချစ်သူကောင်းမဖြစ်ဘူးဆိုရင် ခင်ပွန်းကောင်းမဖြစ်ဘူး။ ခင်ပွန်းကောင်းမဖြစ်ဘူးဆိုရင ်အဖေကောင်းမဖြစ်ဘူး။ သဘောမျိုးပဲပေ့ါ။အကောင်းဆုံးက ကိုယ့်လိပ်ပြာကိုယ်လုံဖိုု့ အရေးကြီးတယ်" ဆိုပြီး ဆက်လက်ဖြေဆိုပေးခဲ့ပါတယ။်

Photo : ဝိုင်းလေး FB

 

ဝိုင်းလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ  အချစ်ရေးအကြောင်းထက်  သူမရဲ့အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုသာ ပြောပြတတ်သူပါ။ အဆိုတော် ဝိုင်းလေးက  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစား နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဝိုင်းလေး ဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေ သူ လည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က