မေမေနဲ့ တီဝဲကတော့ ရည်းစားလည်းမရှိဘူးဆိုပြီး ပြောနေကြတယ်တဲ့။

ငယ်ရွက်ပြီး ချစ်ဖို့ကောင်းလှတဲ့ မေတိုးခိုင်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေ စပြီး လုပ်နေပြီဖြစ်ပါတယ်။ ပြည်သူ့အချစ် တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး ဖြစ်တဲ့ မေတိုးခိုင်ဟာ အသက်(၂၃) နှစ်အရွယ်ရောက်နေပြီ ဖြစ်ပေမယ့် ချစ်သူမရှိသေးလို့ အဒေါ်နဲ့ အမေတို့ရဲ့ စခြင်းကို အမြဲခံရတယ်လို့ ဆိုပါတယ်။

 

ငယ်ရွက်ပြီး ချစ်ဖို့ကောင်းလှတဲ့ မေတိုးခိုင်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေ စပြီး လုပ်နေပြီဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး ဖြစ်တဲ့ မေတိုးခိုင်ဟာ အသက်(၂၃) နှစ်အရွယ်ရောက်နေပြီ ဖြစ်ပေမယ့် ချစ်သူမရှိသေးလို့ အဒေါ်နဲ့ အမေတို့ရဲ့ စခြင်းကို အမြဲခံရတယ်လို့ ဆိုပါတယ်။

သူမကတော့ အလုပ်တွေလည်း လုပ်ချင်သလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အမြဲတမ်း အတူတူသွားဖြစ်နေတာကြောင့် ရည်းစားထားဖို့ ခေါင်းထဲမရှိတာလို့ အင်တာဗျူးတွေမှာ ဖြေဆိုပေးခဲ့ပါတယ်။

"ချစ်သူမထားဖြစ်သေးတာပါ။ အလုပ်ကလည်း လုပ်နေတော့ ပြိးောတ့ သူငယ်ချင်းတွေနဲ့လည်း အမြဲသွားဖြစ်နေတော့ ရည်းစားထားဖို့ ခေါင်းထဲမရှိတာပါ။ ကောင်လေးတွေနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ပုံစံမျိုးတော့ မရှိပါဘူး။ စိတ်ကူးယဉ်တယ်ဆိုတာ စိတ်ကူးယဉ်ဖို့က အသက်(၂၃)နှစ်ရှိသွားပြီလေ။ အသက်ကြီးသွားပြီ။ စိတ်ကူးယဉ်တဲ့အချိန်ကျော်လွန်သွားပြီ။ငယ်ငယ်တုန်းက စဉ်းစားတာတော့ အရပ်ရှည်ရင်ရပြီပေါ့။ အခုတော့မရှိသေးပါဘူး။ တီအူဝဲနဲ့မေကြီးကတော့ အသက်(၂၃)နှစ်တောင် ရှိပြီရည်းစားလည်း မရှိသေးဘူးဘာညာပြောတယ်။ သူတို့ အဲ့လိုပြောပေမယ့်လည်း တကယ့်ရည်းစားထားရင် သူတို့သဝန်တိုနေမှာသိပါတယ်" ဆိုပြီး သြဂုတ်လ(၃၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ OPPO F9 ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : မေတိုးခိုင် FB

မေတိုးခိုင်ရဲ့ မွေးနေ့အလှူမှာ ကိုယ်တိုင်ပါဝင်ပေးခဲ့တဲ့ အိန္ဒြာကျော်ဇင် 


မေတိုးခိုင်ဟာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေရပြီလို့လည်း သိရပါတယ်။

"တီဝဲက ရုပ်ရှင်ရိုက်နေတဲ့ အချိန်ကျတော့ ဆရာတစ်ယောက်လို ဖြစ်သွားတာပေ့ါနော်။ အမှတ်တရတွေအများကြီးပါ။ ဘေးကနေလည်း တီဝဲက ညီမကို အများကြီး support ပေးပါတယ်။ မေမြို့ မှာ သွားရိုက်ရတယ်။ ရန်ကုန်လို ဟန်ဆောင်ပြိး ရိုက်ရတာဆိုတော့ အကျႌအပါးလေးနဲ့ ရိုက်ရတာ။ ခိုက်ခိုက်တုန်အောင်ချမ်းတယ်။အဲ့ဒါတွေတော့အ မှတ်တရပါပဲ" လို့ သူမက ဆိုပါတယ်။

Photo : မေတိုးခိုင် FB


သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် တီထွင်ပြီး ဝတ်စားတတ်သလို သူမအတွက် Comfortable လည်း ဖြစ်မယ် Stylist လည်း ဖြစ်မယ့် ဟာလေးတွေကိုလည်း ရွေးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

"ပွဲတစ်ပွဲ တက်မယ်ဆိုရင် တစ်ချို့ ပွဲတွေက သူ့ Theme နဲ့သူရှိတယ်။ အဲ့ကျရင်တော့ သူ့ Theme နဲ့ အလိုက်ဝတ်ဖြစ်တယ်။ ဒါပေမယ့် Theme မရှိတဲ့ ပွဲတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် စဉ်းစား ပြီးတော့ Comfortable လည်း ဖြစ်မယ်။ Stylist လည်း ဖြစ်တယ့် ဟာလေး တွေကို ရွေးပြီး ဝတ်ဖြစ်တယ်" လို့ သူမက  သြဂုတ်လ(၁၇) ရက်နေ့က ပြုလုပ်တဲ့ left & Right Fashion ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း Duwun Media မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo : မေတိုးခိုင် FB


ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မေတိုးခိုင်ဟာ နောက်ပိုင်းမှာ ဒီဇိုင်နာ လုပ်ဖို့ အစီအစဉ်ရှိသလို ကိုယ်ပိုင် Brand လေး တစ်ခုကို လုပ်ချင်တယ်လို့ ဆိုပါတယ်။အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောကျ်ာလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပါ။ သူ့ရဲ့ခပ်မိမိစတိုင်ကို သဘောကျတဲ့ မိန်းကလေးပရိသတ်တွေလည်း မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်း ထားတာတွေတောင်ရှိနေပါပြီဖြစ်သလို ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

၂၀၁၈ခုနှစ် မေလအတွင်းမှာပဲ အသက်(၂၃)နှစ်ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။ အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း ထောက်ပံ့မှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။

 

Share

Loading Next Article...
က္က