သူမကြိုက်တာ လုပ်လို့ပါတဲ့။

မကြာခင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ချစ်သူကတော့ စိတ်ဆိုးနေတယ် လို့ပြော ပါတယ်။ ဒီ ဖက်ရှင်ကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ သူ့ဘက်ကနေ ရပ်တည် ပေးခဲ့ကြတဲ့ အနုပညာရှင် တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောပြလာပါတယ်။



 

သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးကတော့ လောလောဆယ်မှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်နေကြတယ်လို့ ရှက်ကိုးရှက်ကန်းအမူ အရာလေးနဲ့ ပြောပြခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တဲ့ အဝတ်အစားနဲ့ပတ်သက်ပြီးတော့လည်း ချစ်သူက မကြိုက်ဘူးဆိုပြီးတော့ ပြောပြ ခဲ့ပါသေးတယ်။

'' သူပြောရဲ့သားနဲ့ ဒီလိုမျိုးတွေဝတ်တယ်ဆိုပြီးတော့ပြောတာပေါ့နော်။လောလောဆယ်တော့ စိတ်ကောက်ထားကြတယ်။  ချစ်တဲ့သူကျတော့ လည်း ကိုယ့်ကိုချစ်ပြီး တန်ဖိုးထားတော့ဒီလိုမျိုးတွေ ဘယ်လိုလုပ် ဝတ်စေချင်မလဲပေါ့။ နေ့တိုင်းHoidy ကြီးတွေ ဝတ်ပြီး ဘောင်းဘီအရှည် ပွပွကြီးနဲ့ နေစေချင်တာပေါ့။ကိုယ်က မင်းသမီးဆိုတော့လည်း အချိန်ပြည့်ဝတ်လို့ဘယ်ရမလဲ ဒီလိုပဲ ညှိယူရတာပေါ့နော်'' လို့ သူကဆိုပါတယ်။

 

သင်ဇာဝင့်ကျော်ဟာ Balance Gym အသစ်ဖွင့်ပွဲကို တက် ရောက်ခဲ့တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်က ပရိသတ်တွေ ရဲ့ ဝေဖန်ပြောဆိုမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလို အကြောင်းအရင်းဖြစ်လာခဲ့ရတဲ့ အတွက်ကိုလည်း ကိုယ့်ကိုယ်ကို အရင်က ထက်ပိုပြီးဆင်ဆင်ခြင်ခြင်နေထိုင်သွားမယ့်အကြောင်းပြောပြခဲ့ပါတယ်။

'' Page တစ်ခုကနေ တမင်သက်သက်ပြောလိုက်လို့ ဒီလိုမျိုးဖြစ်သွားတာပါ။ အဲ့ဒီတုန်းက လည်း ပေါ်သွားခဲ့ရင်ဖုန်းဖိပြီး တင်ပေးနော် လို့ တောင် ပြောလိုက်တယ်။ တကယ်တမ်းဖြစ်လာတဲ့အခါကျတော့ စိတ်မညစ်နဲ့၊ စိတ်ဓာတ်မကျနဲ့ ဆိုပြီးတော့ အားပေး စကားတွေကြားရတယ်။ ဘယ်သူမဆို အမှားနဲ့ ကင်းကြတာမဟုတ်ဘူးလေ၊ နောက်ဆို ကိုယ်လည်းပိုပြီးတော့ ဆင်ခြင်မိသွားတာပေါ့'' လို့ ဆိုပါတယ်။

မသန်စွမ်းကလေးတွေအတွက် အလှူငွေ (၅)သိန်း လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော် 

 

သင်ဇာဝင့်ကျော်ဟာ ဝေဖန်မှုတွေ ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရချိန်မှာလည်း သူ့ဘက်က ရပ်တည်ပြီး အားပေးစကားဆိုလာခဲ့ကြတဲ့ အနုပညာ အသိုင်း အဝိုင်းက မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်တယ်လို့ သင်ဇာဝင့်ကျော်တို့ပူးပေါင်းပြီး ရှစ်မိုင်ကျိုက်ဝိုင်းရှိ သန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ ဆန်ဆီနှင့်ရေသန့်ဗူးလှူဒါန်းပွဲမှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

'' သင်ဇာ့ဘက်ကနေ ရပ်တည်ပေးကြတဲ့ အနုပညာရှင်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ တချို့ဆိုလည်း နားလည်ကြမှာ ပါ သင်ဇာ့ဘက်က ဘယ်လိုမျိုးကြီးဖြစ်လို့ ဒီလိုပုံစံဖြစ်သွားသလဲဆိုတာ သင်ဇာ့ဘက်ကလည်း ဝင်ပြီးတော့ ခံစားပေးနိုင်ကြမှာပါ။ အဲ့ဒီလို ကြုံဖူးတာတွေလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် Stand လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်'' လို့ သူကဆိုပါတယ်။

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က