G-Fatt နဲ့ နန်းဆုရတီစိုးတို့နှစ်ယောက်က ချစ်သူဖြစ်ပြီးတဲ့နောက် ပြောင်းလဲလာကြတဲ့ သူတို့နှစ်ဦးရဲ့အကြောင်းကို ပွင့်ပွင့် လင်းလင်းပြောပြလာပါတယ်။
အဆိုတော် G-Fatt နဲ့ အဆိုတော် နန်းဆုရတီစိုးတို့ ချစ်သူ စုံတွဲလေးကတော့ ပွဲလမ်းသဘင် အခမ်းအနားတွေကို အတူတူပွဲတက် နေတာ တွေ့ရပါတယ်။ အဲ့ဒီအတွက် နန်းဆုရဲ့ ဖက်ရှင်တွေကိုလည်း အရမ်းဖော်ပြီး ဝတ်ရတာမျိုးတွေ မဖြစ်ဖို့ အကြံပေးဖြစ်တယ် လို့ G-Fatt က မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
'' အရမ်းကြီး ပေါ်တာမျိုးတော့ ကျွန်တော်က နဂိုကတည်းက စိတ်အခံကလည်း အဲ့ဒီလိုမျိုး မကြိုက်တတ်တာလည်း ပါတာကိုး။ ဒါပေမယ့် တချို့နေရာလေးတွေမှာလည်း သူ့အလုပ်ကိစ္စနဲ့သူ ဝတ်တာစားတာလေးတွေလည်း ရှိတဲ့အခါကျတော့ နားလည်ပေး ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီးမဖြစ်အောင်လည်း ဘေးနားကနေ အကြံပေးပါတယ်။ သူလည်း လက်ခံပါတယ်'' လို့ သူက ဆိုပါတယ်။
G-Fatt ဟာ သူကိုယ်တိုင်ပြောင်းလဲသွားတဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြလာပါတယ်။ အဲ့ဒီနောက် ချစ်သူလေး နန်းဆုနဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းသာနေတာကို တွေ့ရပါတယ်။
''ကျွန်တော်ဘာပြောင်းလဲသွားလဲ သိလား၊ ကျွန်တော် ပိုချောလာတယ် မဟုတ်လား။ ကျွန်တော်တို့က ဒေါင်းမျိုးလိုပဲလေ ကြီးလေ ချောလေ။ နောက်နှစ်ကျရင် ပိုချောလာမှာပေါ့ '' ဆိုပြီးတော့ City FM ရဲ့ ၁၇ နှစ်ပြည့်ပွဲကို တက်ရောက်လာရင်း ရယ်ရယ်မောမောနဲ့ ဖြေဆိုပြောပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် နန်းဆုရတီစိုးကလည်း G-Fatt နဲ့ လက်တွဲပြီးတဲ့နောက် သူမရဲ့ ပြောင်းလဲလာမှုတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာ ပါတယ်။ အဲ့ဒီနောက် ချစ်သူ G-Fatt ကိုလည်း စနောက်ခဲ့ပါသေးတယ်။
'' နန်းဆုကတော့ အရင်ကထက်စာရင် သီချင်းတွေ ပိုဆိုတတ်လာတယ်။ Music နဲ့ ပိုပြီး စီးမျှောဖြစ်လာတယ်။ သူကတော့ နန်းဆု နဲ့ တွေ့ပြီးမှ ပိုပြီး အသားဖြူလာတယ်။ ဝလာတယ်'' ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့တာ ချစ်စရာကောင်းလှပါတယ်။
G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။